Uni
" မင်း ပြန်လာပြီလား "
ညအိပ်မီးမှိန်မှိန်ကိုသာ ဖွင့်ထားသည်မို့ ပကတိအိပ်နေပြီဟုယူဆကာ တိတ်တဆိတ်သာဝင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သမာဓိက အဝတ်လဲခန်းဆီသို့ ဦးတည်လိုက်မှပင် အခန်းမီးများ လင်းလာကာ မေးလာခြင်းဖြစ်သည်။
ပကတိကလည်း အိပ်ရာထက်တွင် ထိုင်လျက်သာရှိနေကာ နာရီကို တစ်ချက်ကြည့်၏။ သမာဓိကလည်း ပကတိ၏အကြည့်တို့ကို လိုက်ကြည့်မိကာ နားလည်သွားသည်။ သူအိမ်ပြန်နောက်ကျသည်ကို ပကတိက ပြောလိုခြင်းဖြစ်သည်။
" ကျွန်တော် ကုမ္ပဏီမှာ အလုပ်များနေလို့ "
ပကတိက မရယ်မပြုံးမျက်နှာလေးဖြင့် ခေါင်းတစ်ချက်ငြိမ့်သည်။ ထို့နောက် မွေ့ယာထက်မှ ဆင်းလာသည်။ သမာဓိ၏ရှေ့တွင် လာရပ်ကာ မော့ကြည့်၏။
ပကတိက အရပ်မနိမ့်သော်လည်း သမာဓိက အရပ်ရှည်လွန်းသည်မို့ ခေါင်းတစ်လုံးခန့်မြင့်နေသောအရပ်ကို မော့ကြည့်နေရသည်။
" ငါ ဒီနေ့ မင်းရဲ့ရုံးခန်းဆီ ဖုန်းဆက်သေးတယ် "
သမာဓိ၏ မျက်ခုံးထူထူများ တွန့်ချိုးသွားသည်။ ပကတိက ထိုအမူအရာကို စိုက်ကြည့်နေရင်း ဆက်ပြော၏။
" ငါ မင်းကို အလုပ်အရမ်းရှုပ်နေရင် နေ့လယ်စာမစားဖြစ်မှာစိုးရိမ်လို့ လာပို့ဖို့ ငါဖုန်းဆက်ခဲ့တာ "
သမာဓိ၏မျက်နှာထား ပျက်သွားရကာ ပကတိကို အားနာစိတ်ဖြင့် ငေးကြည့်နေသည်။ ပကတိက ထိုမျက်နှာကို စိုက်ကြည့်ရင်း သူ့စကားကို အေးစက်စက် အဆုံးသတ်လိုက်၏။
" ဒါပေမယ့် မင်း ဒီနေ့ အလုပ်မလာဘူးတဲ့ "
သမာဓိ၏ မျက်လုံးများသည် အပြစ်ရှိစိတ်တို့ဖြင့် လွဲဖယ်သွားကြသည်။ မျက်တောင်ဖျားများ စိုက်ကျသွားကာ တဖျတ်ဖျတ်ခတ်နေလေရာ ပကတိက ထိုမျက်တောင်စိပ်လေးများကိုကြည့်၍ နာကျင်သွား၏။
ကျေးဇူးပြုပြီး ဖြေရှင်းစမ်းပါ မောင်....
ငါ့ကို ဖုံးကွယ်မထားဘဲ အကြောင်းတစ်ခုခုပြပြီး ဖြေရှင်းစမ်းပါ...
ငါ့ကို မင်းနဲ့ဝေးရာကို တွန်းမပို့လိုက်ပါနဲ့...
YOU ARE READING
REVENGE EYES ( U & Z)
Akčníသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -