Unicode
" ကြွေသား မင်းတကယ်ပဲ ထွက်သွားမလို့လား "
ဖျားက မျက်နှာလွှဲကာ ရပ်နေသည့်ကြွေသားကို ဆွေးဆွေးမြေ့မြေ့ကြည့်၏။ သူ့ရင်ခွင်မှ ထွက်သွားဦးမည့်သူကို လက်လွှတ်မပေးချင်။ အတ္တကြီးခွင့်ရှိလျှင် ဆွဲခေါ်ထားချင်ပါသည်။ သို့သော် ချစ်ရသူက အရုပ်တစ်ရုပ်မဟုတ်ပေ။ ကိုယ်ပိုင်ခံစားချက်၊ ဆုံးဖြတ်ချက်တို့ဖြင့် လူသားတစ်ယောက်ဖြစ်သည်။
" ကျွန်တော့်ကို ခွင့်လွှတ်ပါ "
" တောင်းပန်တယ်ဆိုတာ အမှားရှိမှ တောင်းပန်ရတာလေ၊ မင်းက ဘာအမှားများ လုပ်ခဲ့လို့လဲ "
" ကျွန်တော့်ဘကြီးက ရာဇဝတ်သားဖြစ်နေခဲ့တယ်လေ "
ကြွေသားက မျက်နှာနီနီဖြင့် ပြောသည်။
" အဲ့ဒါ မင်းကျူးလွန်ခဲ့တာမှ မဟုတ်တာ ၊ ကိုယ်မင်းကို အရင်လိုပဲ ဆက်ချစ်တယ် ကြွေသား၊ မင်းကိုယ့်အရိပ်မှာလည်း ဘဝကိုအောင်မြင်အောင်ကြိုးစားခွင့်ရှိပါတယ် "
ဖျားက အဆုံးရှုံးမခံနိုင်စွာ ပြော၏။ ကြွေသားက ဖျားကို ငေးမောကြည့်နေရင်း ထိုဝန်ခံစကားကိုကြားလျှင် ပါးလေးများနီကာ မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။
" အစ်ကို အဲ့လို မ မပြောနဲ့ "
ဖျားက ကြွေသား၏လက်တစ်ဖက်ကို ဆုပ်ကိုင်၍တားသည်။
" ကိုယ်မင်းကိုချစ်တယ် ကြွေသား၊ မင်းလည်း သိရဲ့သားနဲ့၊ ကိုယ်က မင်းရဲ့ အသိုင်းအဝိုင်းနောက်ခံ၊ မင်းရဲ့နောက်ကြောင်း တစ်ခုမှမပါဘဲချစ်တာ၊ ကိုယ့်အချစ်ကို နားလည်လက်ခံပေးစမ်းပါကွာ "
ဖျားက သူ့အချစ်ကို လက်မခံသူအား တိုက်တွန်းသည့်နှယ် ဆိုလာသည်။
" ကျွန်တော့်ဘဝက ခက်ခဲကြမ်းတမ်းခဲ့တယ်အစ်ကို၊ ကျွန်တော့်အသိုင်းအဝိုင်းက သမိုင်းမကောင်းဘူး၊ အစ်ကို့အချစ်ကစစ်မှန်ရင်တောင် ကျွန်တော်က လက်ခံဖို့သတ္တိမရှိပါဘူး၊ အစ်ကို့နားမှာရှိနေဖို့ဆို ပိုပြီးတောင်မဖြစ်နိုင်တာပါ ၊ တစ်နေရာထဲ ရှိကြပေမယ့် သမုဒ္ဒရာရေတွေ မရောသလို၊ ကျွန်တော်တို့ဘဝတွေကလည်း အတူတူရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်တာပါ "
YOU ARE READING
REVENGE EYES ( U & Z)
Akcjaသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -