Uni
စံအိမ်သို့ရောက်သော် အချိန်ကိုကြည့်မိလျှင် သန်းခေါင်ယံသို့ နီးကပ်ခဲ့ပြီဖြစ်သည်။ သမာဓိလည်း အချိန်နာရီတို့ကို ဂရုမစိုက်နိုင်တော့။ ဘိုးဘိုး၏အခန်းသို့ သွားကာ အခန်းတံခါးကို ခေါက်လိုက်သည်။
" ဒေါက် ဒေါက် ဒေါက် "
အခန်းတံခါးကို အသိပေးသည့်နှယ် ခေါက်ပြီးသော် တံခါးကိုဖွင့်လိုက်၏။
ညအိပ်မီးသာဖွင့်ထားသည့် အိပ်ခန်းကျယ်က ငြိမ်သက်တိတ်ဆိတ်နေသည်။ သမာဓိလည်း ဝင်လာပြီးမှ ရပ်နေမိ၏။ အစဉ်အမြဲလေးစားသမှုဖြင့်သာ ဆက်ဆံခဲ့သည့် ဘိုးဘိုး၏ အိပ်ခန်းသို့ ဇွတ်ဝင်သကဲ့သို့ ဖြစ်သွားသည်ကို ရုတ်တရက် အားနာမိသလိုလို။ သို့သော် ပကတိကို သတိရလိုက်သောအခါ သူ ခြေလှမ်းတို့ကို ရှေ့သာတိုးမိလေသည်။
" မြေး "
ခေါ်သံနှင့်အတူ အခန်းတစ်ခုလုံး မီးများထိန်လင်းလာ၏။ သမာဓိလည်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ဦးသမာဓိဂုဏ်က အိပ်ရာထက်တွင် ထထိုင်နေပြီး သမာဓိကိုကြည့်နေသည်။
" ဝင်မနှုတ်ဆက်လို့ ဘိုးဘိုးမျှော်နေတာ "
ဘိုးဘိုးက သမာဓိနှင့်သူ့ကြား မည်သည့်ပြဿနာမှမရှိခဲ့သလို ပြောနေသည်။ သမာဓိလည်း အေးစက်စက်အကြည့်တို့ဖြင့် တုန့်ပြန်မိသည်။
" ကျွန်တော့်မိဘတွေ လမ်းခွဲခဲ့ရတာ ဘိုးဘိုးကြောင့်မဟုတ်ရင်တော့ ကျွန်တော် ဝင်နှုတ်ဆက်ဖြစ်မယ်ထင်တယ် "
" ဟင်းး ....... "
ဦးသမာဓိဂုဏ်က သက်ပြင်းတစ်ခုကို လေးပင်စွာချလိုက်သည်။
" ဘိုးဘိုး သမီးကို အဆုံးရှုံးမခံနိုင်ဘူးလေ၊ ထက်မြက်တဲ့သခင်မလေးက သာမန်ယောက်ျားတစ်ယောက်ရဲ့လက်အောက်မှာ အိမ်မှုကိစ္စလုပ် ကလေးထိန်းပြီး အချိန်ကုန်ဆုံးသွားမှာကို မမြင်လိုဘူး၊ အိန္ဒြေနွယ်ဆိုတာ ဦးသမာဓိဂုဏ်သွေးထားတဲ့ စိန်ပွင့်လေးတစ်ပွင့်ပဲ၊ အဲ့စိန်ကို တန်ဖိုးကြီးအောင် ဘိုးဘိုး သွေးခဲ့တာ အိမ်မှုကိစ္စတွေလုပ်ဖို့မဟုတ်ဘူး "
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -