24

221 7 3
                                    

Unicode

" မင်း ငါ့အနားရောက်လာခဲ့တာ အဲ့ဒါကြောင့်ပေါ့ "

အေးစက်စက်အသံလေးဖြင့်မေး၏။ မျက်ဝန်းတို့ကလည်း စကားသံတို့နှင့်အတူ အေးစက်နေခဲ့သည်။

" မဟုတ်ဘူးလို့ပြောရင် ယုံကြည်ပေးမှာလား "

ပကတိကို ခပ်စိုက်စိုက်ကြည့်၍ ပြန်မေးလာသူက သမာဓိပင်။ ပကတိ၏ အစိမ်းရောင်တောက်နေသည့် သံသယမျက်ဝန်းများကိုကြည့်ကာ သမာဓိ မေးမိခြင်းဖြစ်သည်။

သူထင်သည့်အတိုင်းပင် ပကတိကလည်း ခေါင်းခါ၏။

" ဟင့်အင်း ! မင်းဆိုရင်ရော ယုံနိုင်မှာတဲ့လား "

"......"

သမာဓိရင်ခွင် ပြန်မဖြေနိုင်ခဲ့ပေ။ ပကတိက တိတ်ဆိတ်နေသည့် သမာဓိကိုကြည့်ကာ နာနာကျင်ကျင်ပြုံး၏။ သူသည် ပုံရိပ်ယောင်ကို အစစ်အမှန်ထင်ခဲ့မိသည့် ရူးသွပ်နေသောသူပင်။ လောကကြီးတွင် အလကားရသည့်အရာ မရှိနိုင်သည်ကို သိပါလျက် ထိုနွေးထွေးမှုများကို မျက်စိမှိတ်လက်ခံထားမိခဲ့သည်။

" ငါ တကယ်ကို ရူးမိုက်ခဲ့တာပဲ "

ခပ်အက်အက်ရေရွတ်သံက ဒဏ်ရာပြင်းထန်နေသည့် လူနာတစ်ယောက်၏ ညည်းညူသံကဲ့သို့ တုန်ခါနေသည်။ တစ်လောကလုံး၏ တိုက်ခိုက်ခြင်းများမှ ကာကွယ်ပေးခဲ့သည့် ထိုရင်ခွင်သည် သူ့အတွက် ရှင်သန်ခြင်းကို ပေးသနားကာ အသက်ဆက်စေခဲ့သည့်သူ။

သို့သော် ထိုအရာက ရလိုမှုတစ်ခုအတွက် ဟန်ဆောင်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူ တွယ်ညှိမိခဲ့သော သံယောဇဉ်များက သူရင်သို့ ပြန်ထိုးခဲ့သော ဓားထက်ထက်များ ဖြစ်လာသည်။

သမာဓိသည် ထိုမျက်ဝန်းစိုစိုများကိုကြည့်ကာ မည်သို့ ဖြေရှင်းသင့်သည်ကို အဖြေရှာသည်။
သို့သော် သူ့စဉ်းစားနိုင်စွမ်းတို့သည် ထိုမျက်ဝန်းစိုစိုများနှင့် ကိုက်ခဲခံထားရသဖြင့် နီညိုနေသည့် နှုတ်ခမ်းများရှေ့မှောက်တွင် ပြိုလဲကုန်သည်။ လျှံကျလာတော့မည့် မျက်ရည်စများကပင် သူ့အတွေးတို့ကို ကမောက်ကမဖြစ်စေသည်အထိ ပူလောင်ရသည်ဟုဆိုလျှင် လွန်အံ့မထင်ပေ။ သို့သော် တစ်ဖက်လူကမူ သူ ဘာပြောပြော လက်မခံနိုင် ဟူသော နာကျင်မှုတို့ဖြင့် ငြင်းပယ်နေသည်။

REVENGE EYES ( U & Z)Where stories live. Discover now