Unicode
ပကတိပြင်ညီသည် စံအိမ်တော်မှ သူ့ဆိုင်သို့ သမာဓိ၏ကားနှင့်သာ လိုက်ပို့ခိုင်းလိုက်သည်။ ယနေ့ သူ့ဆိုင်ကို ဆိုင်းပုဒ်အသစ်တင်မည်ဖြစ်သည်။ ထိုက်သူက စီစဉ်ထားပြီးဖြစ်သဖြင့် သူက လိုအပ်သမျှကိုသာ ကြည့်ရှုပေးရန်လိုသည်။
ဆိုင်သို့ရောက်လျှင် သူ ကားပေါ်မှဆင်းရန် ပြင်၏။ သမာဓိက လက်တစ်ဖက်ကို လှမ်းဆွဲထားလိုက်သည်။
" ပကတိပြင်ညီ "
" ဟင် "
" ညနေ ကျွန်တော်လာကြိုပေးမယ်၊ ကြိုပြန်မသွားနဲ့နော် "
" အင်းပါ... မင်း ဘယ်အချိန်လောက်လာမလဲ "
" ညနေဆိုလာမယ် "
" အင်း ငါ စောင့်နေမယ် သွားတော့မယ်နော် "
ပကတိက နှုတ်ဆက်၍ ကားပေါ်မှဆင်းသွားသည်။ သမာဓိက ပကတိ ဆိုင်ထဲဝင်သည်အထိ ကြည့်နေပြီးမှ လွန်းနေကို ပြော၏။
" လွန်းနေ ရုံးချုပ်ကို မောင်း "
" ဟုတ်ကဲ့ သခင်လေး "
လွန်းနေက အလိုက်သိစွာပင် ကားကို ဖြေးဖြေးချင်းမောင်းထွက်လိုက်သည်။ သခင်လေးက သခင်လေးပကတိကို ကြည့်နေသည့် မြင်ကွင်းကို အနှောင့်အယှက် မဖြစ်စေလို၍ဖြစ်သည်။ ထို့အပြင် သူမြင်ချင်သည့် ပုံရိပ်လေးကိုလည်း ကြည့်ခွင့်ရ၏။သူတို့နှစ်ယောက်လုံးအတွက် ချောမွေ့လှပသည့် မနက်ခင်းလေးပင် ဖြစ်လေသည်။
ပကတိပြင်ညီသည် ဆိုင်ထဲသို့ဝင်လာခဲ့၏။ ဆိုင်ထဲတွင် ဧည့်သည်များ မရှိသေးဘဲ ထိုက်သူနှင့် ထွေးကိုသာ ရှိသည်။ ထိုက်သူက ဆိုင်၏ဆိုင်းပုဒ်အသစ်ကို ပကတိကြည့်နိုင်ရန် ပြသပေး၏။
DAWN
Coffee & Cake Gardenချစ်စရာစာလုံးလေးများက အဖြူရောင် နောက်ခံပေါ်တွင် ဖောင်းကြွစာလုံးလေးများဖြင့် ကြွရွနေ၏။ ပကတိ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးသည်။
" လှတယ် ထိုက်သူ ၊ ဘယ်တော့တင်မလဲ "
" ခဏနေ ဆိုင်းပုဒ်တင်ဖို့ လာကြလိမ့်မယ်အစ်ကို၊ သေချာလှလှလေးဖြစ်အောင် လူခေါ်ထားတယ် "
YOU ARE READING
REVENGE EYES ( U & Z)
Açãoသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -