2 ( U & Z )

468 15 0
                                    

Unicode

" ဘယ်လိုဖြစ်ရတာတဲ့လဲ "

" သခင်လေး "

နာနာကျင်ကျင်ပေါက်ကွဲနေသည့် သခင်လေးဆိုသူ၏ မျက်နှာက သူကြားသိရသည့် သတင်းကို ယခုတိုင် လက်မခံနိုင်ဖြစ်နေသေးသည့်ဟန်။ သို့သော် သူ့အတွက် အနီးကပ်တာဝန်ထမ်းဆောင်သူ လွန်းနေက သူ့ကို အကြောင်းစုံ ရှင်းပြလာ၏။

သူလက်ထပ်ရန် ရည်ရွယ်ထားသည့် ချစ်ရသူသည် လွန်ခဲ့သည့် တစ်လကျော်ကျော်ကပင် မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သည်။ ကြားကြားချင်း ယုံပင်မယုံနိုင်ခဲ့ပါ။ မည်သို့ဖြစ်ရပါသနည်း။ တစ်ယောက်ထဲကားမောင်းရာမှ ထိုသို့ဖြစ်ရသည်ဟု သိရသောအခါ ပို၍ပင် မယုံနိုင်ဖြစ်ရ၏။ သူချစ်ရသူက ကားကို‌ပင် ကောင်းကောင်းမောင်းတတ်သူမဟုတ်ပါ။ ကားကို သူမ တစ်ယောက်တည်း မောင်းဝံ့လိမ့်မည် မထင်ပေ။ လိုင်စင်လည်း မရှိ။ လုပ်ကြံမှုဟု ပြောရန်ကလည်း ကြွေက အနေအေးဆေးသည်။ ရန်ငြှိုးမရှိရှာ။ ထို့အပြင် သာမန်မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် သူမနေထိုင်ရာ အသိုင်းအဝိုင်းကလည်း ကျဉ်းသည်။

" အမှုအခင်း စုံစမ်းရေးကရော၊ ပြီးတော့ မင်းကရော ဘာဖြစ်လို့ ငါ့ကို ချက်ချင်းအကြောင်းမကြားတာလဲ "

လွန်းနေက အပြစ်ရှိသူလို ခေါင်းငုံ့၍ ပြန်ဖြေသည်။

" မတော်တဆမှုအဖြစ်နဲ့ပဲ အမှုပိတ်သွားပါတယ် သခင်လေး ကိုယ်တိုင်ကားမောင်းလာပြီး အရှိန်မထိန်းနိုင်လို့ ဖြစ်တာလို့ပဲ သက်သေအရ ဆုံးဖြတ်လိုက်တယ် ထင်ပါတယ်၊ အကြောင်းမကြားတာက သခင်ကြီးကျန်းမာရေး မကောင်းနေချိန်မှာ သခင်ကြီးတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် သတင်းမျိုး မပို့ဖို့ ဥက္ကဋ္ဌကြီးက မှာထားလို့ပါ "

သမာဓိရင်ခွင် ဒေါသဖြစ်လွန်းစွာပင် လွန်းနေ၏ အင်္ကျီရင်ဘတ်စကို ဆုပ်ဆွဲလိုက်မိသည်။

" ငါ့ချစ်သူတစ်ယောက်လုံး လူ့လောကမှာမရှိတော့တာကို ငါက လပိုင်းလွန်မှ သိခွင့်ရတာ ဖြစ်သင့်ရဲ့လား၊ မင်းက ဘယ်သူ့ ကိုယ်ရံတော်လဲ လွန်းနေ "

" တောင်းပန်ပါတယ် သခင်လေး၊ ပြီးတော့ သခင်လေးမရှိတဲ့အတောအတွင်း သခင်လေးဂုဏ်နောက်လိုက်ဖို့ ဥက္ကဋ္ဌကြီးက ခိုင်းထားလို့ပါ၊ ကျွန်တော်ငြင်းပါသေးတယ်၊ ဒါပေမယ့် သမာဓိစံအိမ်ကလစာယူသူတိုင်း သူ့အမိန့်ကို နာခံရမယ်လို့ ပြောပါတယ်၊ မဟုတ်ရင် အလုပ်ထုတ်ပစ်မယ်လို့လည်း ပြောပါတယ်၊ အဲ့ဒါကြောင့် .. "

REVENGE EYES ( U & Z)Where stories live. Discover now