53

178 8 0
                                    

Uni

" ဝုန်း !!! "

လူတစ်ယောက်လုံးကို ကိုင်ပေါက်ပစ်လိုက်သဖြင့် အခြားသူများ အနည်းငယ်တွ့န်သွားကြ၏။ ဦးနောင်လွင်က ထိုလူငယ်များ၏အလယ်တွင်ရှိနေကာ သတိမလွတ်ဘဲ အကဲခတ်နေသည်။ လွန်းနေက နောက်တွင်ရပ်နေကာ မျက်ရိပ်ပြ၏။ ထိုအခါ ဦးနောင်လွင်ကို ဝိုင်းနေကြသော လူငယ်များကလည်း ရှေ့တိုးလာကြသည်။

" ဟိတ် ! "

" ဖြောင်း ! "

" အာ့ ! "

ရိပ်ခနဲဝင်လာသည့် ခြေထောက်ကို ခြေကျင်းဝတ်မှဖမ်းကိုင်ကာ ဆွဲလှည့်ပစ်လိုက်ပြီး ခါးကိုပတ်ကန်ပစ်လိုက်၏။ ထိုအခါ လူငယ်က ခတ်ကြိတ်ကြိတ်ညည်း၍ နောက်ဆုတ်သွားခဲ့သည်။

လမ်းမထက်တွင် လဲကျနေပြီး ညည်းညူနေသည့် လူငယ်များ ငါးယောက်ခန့်ရှိနေကာ ဝိုင်းထားဆဲလူငယ်ကလည်း လေးယောက်ခန့်ရှိသေး၏။

လျင်မြန်ဖျတ်လတ်လွန်းသည့် လှုပ်ရှားမှုများကြောင့် အရမ်းကာရောဝင်မလာဝံ့တော့ဘဲ ရှိကြသည်။ တစ်ယောက်နှင့်တစ်ယောက် အခြေအနေကြည့်ကာ ဟန်တပြင်ပြင်ဖြင့်ရှိကြသော်လည်း ဝင်လာရန်မူ နောက်တွန့်နေကြဆဲ။

ဦးနောင်လွင်က ထီမထင်သည့် မဲ့ပြုံးဖြင့် ဝေ့ကြည့်လိုက်သည်။

" လာလေ "

စိန်ခေါ်သည့်နှယ် ခေါ်လိုက်သော်လည်း လူငယ်လေးများက သူ့ကိုမယှဉ်နိုင်မှန်း သိကြသည့်နှယ်။

လွန်းနေသည့် အေးစက်သည့်အကြည့်တစ်ချက်ဖြင့် စောင့်ကြည့်နေရာမှ အပေါ်ဝတ်ဂျာကင်ကို ချွတ်လိုက်၏။ သူ့လူများကြား မော်ကြွားနေသည့်မျက်နှာကို ပညာပေးချင်သည့်နှယ် ရှေ့တိုးလာသည်။

" တွေ့ကြသေးတာပေါ့ "

လွန်းနေပါ ပါဝင်လာမည်ကိုသိကြသော် အခြားသူများသည် စိတ်အားတက်ကြွလာကြသည်။ ထို့နောက် ဦးနောင်လွင်ထံသို့ တပြိုက်နက်တည်း တိုးဝင်တိုက်ခိုက်ကြလေသည်။

တိုက်ပွဲထဲသို့ ဝင်လာသည့် လွန်းနေ၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ သူပခုံးကို ဆုပ်ကိုင်တားဆီလာသူကြောင့် လှည့်ကြည့်လိုက်သောအခါ သခင်လေးသမာဓိရင်ခွင်ကို တွေ့ရ၏။

REVENGE EYES ( U & Z)Where stories live. Discover now