Uni
" သခင်လေး "
လွန်းနေက အသံပြုပြီးနောက် ရုံးခန်းထဲသို့ဝင်လာ၏။ သမာဓိလည်း လုပ်လက်စအလုပ်များကို ချထားလိုက်ပြီး လွန်းနေထံ အာရုံစိုက်သည်။
" ပြော ဘာတွေသိလာရပြီလဲ "
" သခင်လေးဂုဏ်က (...)ကလပ်မှာ နှစ်ရက်ဆက်တိုက် မူးနေလို့ ဥက္ကဋ္ဌကြီးနဲ့ သခင်မတို့ သွားခေါ်လာရပါတယ်တဲ့ "
" ဂုဏ်က ? ဘယ်လိုဖြစ်ပြီး... "
သမာဓိ အတွေးများသွားရပါပြီ။ ဂုဏ်က ပျော်တတ်သည်မှာမှန်သော်လည်း ထိုသို့ စည်းကမ်းမဲ့စွာ နေတတ်သူတော့ မဟုတ်ပါ။ အိမ်ပြန်ချိန်နောက်ကျတတ်သော်လည်း စံအိမ်၏အိပ်ရာတွင်သာ စိတ်ချလက်ချ နားနေတတ်သူဖြစ်သည်။
" ဝန်ထမ်းလေးတစ်ယောက်ကိုလည်း သတိမေ့အောင် ရိုက်နှက်ပစ်လိုက်လို့ အခု အဲ့ဝန်ထမ်းလေးကို သမာဓိဆေးရုံကြီးမှာ ဆေးကုသပေးနေရပါတယ်တဲ့ "
" ဘယ်လို ??? "
သမာဓိ ယနေ့ ကြားရသမျှသည် ထူးဆန်းနေတော့သည်။ ဂုဏ့်အကြောင်းကို သူသိသင့်သမျှသိသည်သာ။ ဂုဏ်က လူတစ်ယောက်ကိုမုန်းလျှင် ငွေပေး၍ ချောင်းရိုက်ခိုင်းလျှင် ခိုင်းလိမ့်မည်။ လူကိုယ်တိုင်တော့ မည်သည့်အခါမှ ရိုက်နှက်လိမ့်မည် မဟုတ်ဟူ၍ပင်။ ကိုယ့်လက်ကိုယ် သွေးစွန်းခံမည့် လူမျိုးမဟုတ်ပါ။
" ဂုဏ်ကိုယ်တိုင် ကလား ? "
သူ သူ့နားသူပင် မယုံကြည်နိုင်စွာ ပြန်မေးနေမိသေး၏။ လွန်းနေက သူ မယုံကြည်နိုင်ဖြစ်နေသည်ကို နားလည်စွာပင် ခေါင်းငြိမ့်၍ အတည်ပြုသည်။
" ဟုတ်ပါတယ် သခင်လေး... သခင်လေးဂုဏ် ကိုယ်တိုင်ကကို ကျူးလွန်ခဲ့တာပါတဲ့ ၊ ပြီးတော့ ဒါက သခင်လေး ရှာခိုင်းထားတဲ့ ဥက္ကဋ္ဌကြီးရဲ့ လှုပ်ရှားမှုတွေပါ "
" ဪ ပေး ပေး "
သမာဓိက လွန်းနေထံမှ စာအိတ်ကြီးကို လှမ်းယူကာ ဖွင့်ကြည့်လိုက်၏။ တစ်ပတ်အတွင်း ဦးဂုဏ်၏ လှုပ်ရှားမှုများက သူထင်သကဲ့သို့ သံသယဖြစ်စရာများ မတွေ့ရပေ။ လုပ်ငန်းစုနှင့်ပတ်သက်သည့် အလုပ်များသာဖြစ်လေသည်။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -