33

181 8 0
                                    

Unicode

သုံးရက်ခန့်ကြာသော် ...

ခြေထောက်ကသက်သာလာပြီဖြစ်သဖြင့် ပကတိလည်း ဟိုသည်သွားလာနိုင်ပြီဖြစ်သည်။ သို့သော် သူ ဆိုင်သို့မူ မသွားဖြစ်သေး။ ခြေထောက်မှပတ်တီးကိုလည်း မဖြည်ဖြစ်ခဲ့သေးပါ။ ထိုအတိုင်းသာ စံအိမ်ထဲတွင် ဟန်မပျက်နေနေမိသည်။

သူကြားခဲ့ရသည့် ကလေးသံလေးကို စုံစမ်းရန်ဖြစ်သည်။ ထိုနေ့မှစ၍ ထိုကလေးသံလေးကို သူ ကြားနိုင်ရန် ခြံကျယ်ကြီး၏ ‌နေရာအနှံ့သို့သွား၍ လိုက်ကြည့်ပါသော်လည်း မကြားရတော့ပါ။ သူကြားလိုက်ရသည်ကပင် နားကြားမှားသည့်နှယ် ဖြစ်နေလေသည်။

ယနေ့လည်း သူ ဆိုင်သို့မသွားသေးဘဲ မနက်စာစားပြီး သမာဓိထွက်သွားပြီးသော် မနက်ခင်းဆယ်နာရီခွဲခန့်တွင် စံအိမ်ကြီး၏ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထိုစဉ် လွန်းနေက အပေါ်ထပ်သို့တက်လာရာ လှေကားတွင် ဆုံကြ၏။

" အစ်ကိုလေး "

" အင်း လွန်းနေ တစ်ခုခုကျန်ခဲ့လို့လား "

" သခင်လေးက အိပ်ခန်းကို သန့်ရှင်းရေးလုပ်ခိုင်းလို့ပါ "

အိမ်တော်ဝန်ထမ်းများက သန့်ရှင်းရေးမပြတ်ဝင်လုပ်လေ့ရှိသော်လည်း လွန်းနေ လုပ်ရသည့် သန့်ရှင်းရေးက တခြားဖြစ်သည်။ အိပ်ခန်းနှင့် အလုပ်ခန်းတွင် အသံဖမ်းကိရိယာများ ရှိမနေစေရန် စစ်ဆေးရှင်းလင်းရန်ဖြစ်၏။

အလုပ်ခန်းကို နေ့စဉ်စစ်ဆေးသော်လည်း အိပ်ခန်းကိုမူ လွန်းနေကိုယ်တိုင်လည်း မအားသဖြင့် စစ်ဆေးခြင်းမပြုရသည်မှာ ကြာခဲ့ပြီပင်။ ပကတိလည်း ခေါင်းငြိမ့်ပြကာ

" အင်း သွားလေ "

" အစ်ကိုလေးက ဘယ်သွားမလို့လဲ ကျွန်တော် လိုက်ပို့မယ်လေ "

" အာ ရတယ် ခြေထောက်က သက်သာနေပြီ ခဏ လမ်းဆင်းလျှောက်မလို့ "

" ဪ ဟုတ်ကဲ့ တစ်ခုခုလိုအပ်ရင် ဖုန်းနဲ့ဖြစ်ဖြစ် လှမ်းခေါ်လိုက်ပါ အစ်ကိုလေး "

" အင်း "

လွန်းနေက ပကတိကို ခေါင်းလေးညွှတ်၍ နှုတ်ဆက်ကာ အပေါ်ထပ်သို့ တက်သွား၏။ ပကတိလည်း အောက်ထပ်သို့ဆင်းခဲ့သည်။ ထိုစဉ် အောက်ထပ်ထမင်းစားခန်းသို့ အကြည့်ရောက်သွားသည်။

REVENGE EYES ( U & Z)Where stories live. Discover now