8

262 8 0
                                    

Unicode

* ThaMarDi Hotel *

အဆင့်မြင့်‌ဟိုတယ်ကြီး၏ရှေ့တွင် ကြွေသားတစ်ယောက် ချီတုံချတုံဖြစ်နေရသည်။ ဤနေရာသည် သူ့လိုလူမျိုးနှင့် ကိုက်ညီသောနေရာတစ်ခုမဟုတ်ပေ။ ချမ်းသာကြွယ်ဝသူများ ဤနေရာသို့ခြေချကြသောအခါ လူအများက အထင်ကြီးသည့်အကြည့်များဖြင့် ကြည့်ကြလိမ့်မည်ဖြစ်သော်လည်း ကြွေသားလိုလူတစ်ယောက်က ဤနေရာသို့ခြေချသောအခါတွင်မူ သို့လောသို့လော အမြင်များဖြင့် အထင်သေးခြင်းခံရပေလိမ့်မည်။

သို့သော် သူ ဤနေရာသို့ ဝင်ရောက်ရလိမ့်မည်ပင်။ ဤနေရာသို့ မမ၏ ချစ်သူဖြစ်ခဲ့သည့် သူဌေးဝင်ရောက်သွားသည်ကို သူမြင်လိုက်ရသည်။ ဧည့်သည်တစ်ယောက်နှင့် ဝင်ရောက်သွားသည်ကို သူမြင်လိုက်ရပြီး သူကမူ ထိုဟိုတယ်ကြီးထဲသို့ လိုက်ပါဝင်ရောက်သွားရန် တွေဝေနေရ၏။

ဝင်ရောက်သွားလျှင်လည်း တွေ့ရန်မသေချာပေ။ တွေ့အောင် မည်သို့ရှာရမည်ကိုလည်း သူမသိပါ။ ကြီးကျယ်ခမ်းနားလှသည့် ဟိုတယ်ကြီးတွင် ထိုလူကို မည်ကဲ့သို့တွေ့နိုင်မည်ကို သူစဉ်းစားသော်လည်း မသိတော့ဘဲ ရှိလေသည်။

" အင်း.... ဝင်သွားလိုက်မယ် အထဲရောက်ရင် တွေ့ကောင်းပါရဲ့ "

မမ၏ ချစ်ရသူနှင့် သူ မျက်နှာချင်းဆိုင်ပင် မတွေ့ခဲ့ဖူးပါ။ ဆယ်တန်းကို ပြန်ဖြေစေချင်သောမမနှင့် အလုပ်သာလုပ်ချင်သော သူတို့ကြား ဆက်ဆံရေးက အဆင်မပြေခဲ့ပေ။ သူကလည်း ဆိုင်မန်နေဂျာအကူအညီဖြင့် ဆိုင်တွင် နေထိုင်ခွင့်ရခဲ့သဖြင့် အိမ်သို့ အပြန်နည်းခဲ့သည်။ မမ၏ ချစ်သူကိုပင် အဝေးမှသာ မြင်ဖူးခြင်းဖြစ်သည်။ ရပ်ကွက်ထဲတွင် မမနှင့်ပတ်သက်၍ အတင်းစကားများ ကြားလာရသောအခါ သူအိမ်ပြန်ကြည့်ဖြစ်ခဲ့၏။ ထိုအခါ သူ ရပ်ကွက်ထဲသို့ရောက်ရှိသည့်အခါတိုင်း မမကို ထိုလူ ကြိုပို့နေသည်ကို မြင်ခဲ့ရသည်။ စီးလာသည့်ကား၊ ဝတ်စားသည့် အဝတ်အစားတို့ကိုကြည့်ကာ ထိုလူသည် သူဌေးတစ်ယောက်ဖြစ်ကြောင်း သူသိခဲ့သည်။

မမကို သူ မေးသောအခါ မမကလည်း ဝန်ခံခဲ့၏။ ထို့အပြင် ထိုသူဌေးကို ယုံကြည်သည့်မမက လက်ထပ်ပြီးသည့်အခါ သူ့ကို ကလပ်မှထွက်စေကာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ပေးရန် ကြိုးစားမည်ဟု ပြောခဲ့လေသည်။ သူကမူ မမ ပျော်နေလျှင် စိတ်ချမ်းသာပြီဖြစ်ရာ မမသဘောကျသာ ခေါင်းငြိမ့်ပေးခဲ့၏။ မကြာလိုက်သောအချိန်တွင် မမနှင့်ထိုလူတို့ ပြဿနာဖြစ်သည်ကို မြင်လာရသည်။ သူ ဝင်ပါချင်သော်လည်း မမက ခွင့်မပြုခဲ့ပါ။ ထိုလူ့ထံတွင်အပြစ်မရှိကြောင်း တွင်တွင်ပြောပြ၍ သူတို့ပြဿနာသည် အဆင့်အတန်းကွာခြားခြင်းကြောင့်သာဖြစ်သည်ဟု မမက သူ့ကို ရှင်းပြခဲ့လေသည် ။

REVENGE EYES ( U & Z)Where stories live. Discover now