Unicode
ပြန်နိုးထလာချိန်တွင် ပကတိပြင်ညီ တစ်ကိုယ်လုံးသည် ပေါ့ပါးလန်းဆန်းလျက်ရှိသည်။ နာကျင်ကိုက်ခဲခဲ့သည့် မျက်လုံးများကလည်း ကြည်လင်နေကာ ရီဝေခြင်း မူးဝေခြင်း အလျင်းမရှိ။
ထို့ကြောင့် ထထိုင်လိုက်မိကာ သူရောက်ရှိနေရာကို ကြည့်မိလိုက်သည်။ အိမ်ငယ်လေးတစ်ခုအတွင်းရှိ အိပ်ရာထက်တွင် ဖြစ်နေလေသည်။
ပကတိလည်း စူးစမ်းလိုစိတ်ဖြင့် အိပ်ရာမှထ၍ အိမ်အပြင်သို့ လျှောက်ထွက်ခဲ့၏။ အိမ်တံခါးဝရောက်သည်နှင့် သူမြင်လိုက်ရသည်က စိမ်းလန်းသည့် သစ်ပင်ကြီးများပင်ဖြစ်သည်။ သီးပင်စားပင်များဖြစ်ကာ ထိုအပင်ကြီးများက တိုက်အိမ်လေးကို ဝန်းရံနေ၏။ ကျယ်ဝန်းလှသည့် ခြံကျယ်ကြီးဖြစ်ပုံရကာ စည်းရိုးကိုပင် မမြင်နိုင်ပေ။ မျက်စိတစ်ဆုံးသည် စိမ်းစိုသည့် သစ်ပင်များဖြင့် ပြည့်နေကြ၏။
ပန်းပင်များလည်းရှိကာ သစ်ခွခြံနှင့် သဇင်တိုင်များလည်းရှိ၏။ အရောင်စုံနှင်းဆီတို့ကိုလည်း ခပ်လှမ်းလှမ်းတွင် တွေ့ရသည်။ လမ်းလေးတစ်ခုကိုလည်းတွေ့ရပြီး တောလမ်းလေးကဲ့သို့ အရိပ်ကျနေလေသည်။ အခြားသောအပင်များမှာ ရာသီအလိုက် သီးပင်စားပင်များဖြစ်သည်။
သရက်ပင်များ၊ မာလကာပင်များကဲ့သို့ သစ်ပင်ကြီးများကိုလည်း တောအုပ်လေးများသဖွယ် တွေ့မြင်ရ၏။ ကျယ်ပြန့်စွာပေါက်ရောက်နေသည့် ဝါးပင်များကိုလည်း လှမ်းမြင်နေရပြီး စိမ်းစိုသည့်အလှက ယိမ်းနွဲ့နေကြ၏။ ပကတိပြင်ညီသည် လက်ရှိအခြေအနေကိုမေ့ကာ သတိလက်လွတ်ငေးမောနေမိ၏။
ပကတိပြင်ညီသည် သူ မည်သည့်အရပ်သို့ရောက်နေသည်ကို မတွေးနိုင်လောက်အောင်ပင် ငေးမောနေမိပြီး သူရောက်ရှိနေရာကို သူခံစားရသည့်အတိုင်း ပြောရပါမူ သူရောက်ရှိနေရာသည် နတ်ပြည်ကဲ့သို့ သာယာပြည့်စုံသည့် နေရာတစ်ခုဟု ပြောချင်ပါသည်။
အေးချမ်းလွန်းသည်။ မြင်မြင်သမျှက သာယာလွန်း၏။ သူမြင်တွေ့ရသမျှတိုင်းက တန်ဖိုးထားဖွယ်ကောင်းသည်။
နတ်ပြည်ဟု ဆိုလျှင် သူ သေပြီးကာမှ ရောက်နိုင်မည့်နေရာပင်ဖြစ်သည်။ သူ သေသွားခဲ့လေပြီလား။ ကလေးဆန်ဆန်အတွေးတို့က အတိတ်သို့တကျော့ပြန်သွား၏။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -