31

194 7 0
                                    

Unicode

ဖြစ်ပေါ်လာသည့် ဆောက်လုပ်ရေးပြဿနာများကိုဖြေရှင်းပြီးနောက် လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သည့်အခါ အဆင်ပြေမပြေ လှည့်လည်စစ်ဆေးပြီး ရုံးချုပ်သို့ပြန်ရောက်ချိန်တွင် နေ့လယ်စာစားချိန်ပင် ရောက်လုပြီ။ သမာဓိ၏နောက်တော်ပါးဆီမှ လိုက်ပါကြရသည့် အတွင်းရေးမှူးအဖွဲ့သည်လည်း ပင်ပန်းနေကြပြီဖြစ်၏။

အားလုံးက သမာဓိထံ ခိုးကြည့်ကာ နေ့လယ်စာသုံးဆောင်ရန် မည်သည့်အချိန်မှ ပြောလာလိမ့်မည်ကို စောင့်စားနေကြလေသည်။ သမာဓိကလည်း ရုံးချုပ်အဆောက်အအုံထဲသို့ရောက်လျှင် နောက်တွင်လိုက်ပါလာသည့် အတွင်းရေးမှူးများကို လှည့်ကြည့်ကာ

" နေ့လယ်စာ သုံးဆောင်လိုက်ကြပါဦး အားလုံးပင်ပန်းသွားကြပြီ၊ အပြင်ထွက်ပြီး ဆိုင်ကောင်းကောင်းမှာ သွားစားလိုက်ကြပါ၊ ဒိီနေ့ နေ့လယ်စာကို ကျွန်တော် ကျွေးပါ့မယ် "

သမာဓိက ပြောလည်းပြော ကဒ်ကိုလည်း ထုတ်ပေးလိုက်သည်။ အားလုံးသည် အရောင်တောက်ပလာသည့် မျက်ဝန်းများဖြင့် သမာဓိရင်ခွင်ထံ ကြည့်လာကြလေသည်။

" ဝိုး !!! ကျေးဇူးတင်ပါတယ် ဆရာ၊ ကဲ သွားကြရအောင် "

ခင်မိုးဖြူက ကဒ်လေးကို လှမ်းယူလိုက်ပြီး အခြားသူများဘက်လှည့်ကာ ဆော်ဩလိုက်သည်။ အားလုံးသည် ပင်ပန်းမှုများ တစ်ဝက်ပြေပျောက်သွားရသကဲ့သို့ရှိကာ မိမိတို့၏ အထက်လူကြီးကို ကျေးဇူးတင်စကားဆိုရန်လည်း မမေ့ကြပေ။

သမာဓိရင်ခွင်ထံ ဦးညွှတ်၍ ကျေးဇူးတင်စကားဆိုကြသည်။

" ကျေးဇူးတင်ပါတယ် ကိုယ်စားလှယ်ကြီး !! "

" ရပါတယ်၊ ဒီနေ့ ပင်ပန်းသွားကြပြီ၊ ပျော်ပျော်ပါးပါး သုံးဆောင်ခဲ့ကြပါ "

" ဟေး !!! "

လူငယ်များပေမို့ နေ့လယ်စာ အားလပ်ချိန်ကို ပေါ့ပါးစွာပင် ထွက်ခွာသွားကြ၏။ သမာဓိလည်း ပြုံး၍ကျန်ခဲ့သည်။ တစ်မနက်ခင်းလုံး ကားနှစ်စီးဖြင့် သွားလိုက်ရသည့်ခရီးက နေ့ခင်းရောက်သည်အထိပင်။ ပြဿနာများဖြေရှင်းပြီး လုပ်ငန်းများကို အချိန်မှီပြီးစီးရန် မြန်မြန်ပြန်လည်စတင်ကြရသည်။ နောက်ထပ် ပြဿနာများ ထပ်ဖြစ်မလာစေရန်လည်း သေချာစီစဉ်ရသည်။ အလုပ်နားရက်များပါ သုံးလိုက်ရသဖြင့် သမာဓိစိတ်ရောကိုယ်ပါ ပင်ပန်းနေပါသည်။

REVENGE EYES ( U & Z)Where stories live. Discover now