Uni
ပကတိသည် မျက်ခွံပါးပါးကိုဖြတ်၍ အလင်းရောင်တချို့ကို ခံစားလာရ၏။ ထို့အတူ တစ်ခါတည်းခံစားလာရသည်က ပါးစပ်တွင်းမှ ခြောက်သွေ့မှု။ သူ တောင့်တမိသည်က ရေ။ အေးမြသည့်ရေ၏ အထိအတွေ့ပင်ဖြစ်သည်။
" အင်း...... "
ကြိုးစား၍ အသက်ကို ရှူထုတ်မိရင်း ပူပြင်းခြောက်သွေ့သည့် ခံစားချက်ကို မခံစားနိုင်စွာ မျက်လုံးများကို ဖွင့်လိုက်လေသည်။
ထိုအခါ ပထမဆုံးမြင်ရသည်က မျက်နှာကျက်ဖြူဖြူကို ဖြစ်သည်။ သူ မည်သည့်နေရာသို့ရောက်နေသည်ကို သိရန် မကြိုးစားမီ သူဘာဖြစ်ခဲ့သည်ကို အရင်စဉ်းစားကြည့်မိသည်။
ဦးထက်လှိုင်က သူ့ကို အိပ်ဆေးပေး၍ အိပ်နေစေခဲ့သည်ကို သတိရ၏။ ထိုအခါ ယခု သူအိပ်မက်မက်နေသည်လားဟု တွေးမိပြန်သည်။ သို့သော် ဗိုက်ဆာသည်ကိုလည်း ခံစားရသည်။ ရေလည်းဆာနေသဖြင့်သူသည် မျက်လုံးများဝေ့၍ ကြည့်မိသည်။
ထိုအခါမှ သူ့ကုတင်နံဘေးတွင် မျက်နှာလေးမှောက်၍ အိပ်နေသည့် သမာဓိကို မြင်ရလေသည်။
သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်နေသူကို မြင်ရသဖြင့် နှုတ်ခမ်းတွင်ပြုံးရိပ်ထင်သည်။
သူစကားပြောရန် အဆင်မပြေသဖြင့် သူ့လက်ကို လှုပ်လိုက်သည်။
" အင် ! "
အစဉ်အမြဲ သတိထားနေသည့်နှယ် သမာဓိက ချက်ချင်းပင် ထကြည့်လာ၏။ သူဆုပ်ကိုင်ထားသည့် ပကတိ၏လက်တစ်ဖက်လှုပ်ရှားနေသည်ကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် ငုံ့ကြည့်နေသည်။
" သ မာ ဓိ "
သူ တိုးတိုးခေါ်မိသော် တိတ်ဆိတ်နေသည့် အခန်းထဲဝယ် ကြားနိုင်ရန် လုံလောက်သည်မို့ သမာဓိက သူ့မျက်နှာသို့ မျက်လုံးများပြူး၍ ကြည့်လာလေသည်။ ချက်ချင်းထရပ်လိုက်ပြီး ပကတိ၏ မျက်နှာသို့ အုပ်မိုး၍ ကြည့်လာကာ လက်ဖဝါးတစ်ဖက်ကို ပကတိ၏မျက်နှာရှေ့တွင် လှုပ်ယမ်းပြလျက်
" အစ်ကို သတိရလာပြီလား၊ ကျွန်တော့်ကိုရော မြင်ရလား "
ပကတိ မျက်တောင်ခတ်ပြမိသည်။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -