Unicode
ကြွေသားတစ်ယောက် ကလပ်ကိုလာနေကျ သူဌေးတစ်ယောက်နှင့် လူချမ်းသာတစ်ယောက်၏ မွေးနေ့ပွဲသို့ လိုက်ပါလာခဲ့သည်။ ထိုသူဌေး၏ ပါတနာအဖြစ်လိုက်ပါလာခဲ့ခြင်းဖြစ်သဖြင့် လူအများ၏အမြင်တွင် သူက ထူးဆန်းနေလိမ့်မည်။ သို့သော် သူ့သိက္ခာကို ဂရုမမူအားပါ။ ထိုလူချမ်းသာ၏ ပွဲသို့ တက်ရောက်ခွင့်ရရန်သာ အဓိကဖြစ်သည်။
အတူတူလာသည့်သူဌေးကိုကျော်လင်းထက်က သူ့ကို ဖေးမသည့်ဟန်ဖြင့် ခေါ်လာသည်။ ကိုကျော်လင်းထက်က သူ့ကို ဆိုင်လာတိုင်း သတိတရခေါ်လေ့ရှိပြီး အတူတူညအိပ်ရန်အထိ ကမ်းလှမ်းခဲ့ဖူးသူဖြစ်သည်။ သူက ခေါင်းခါခဲ့၍သာ သူတို့ပတ်သက်မှုက ယခုတိုင် ရိုးရှင်းနေဆဲဖြစ်၏။ သို့သော် ကိုကျော်လင်းထက်က သူ့ကို ချစ်ရေးဆိုထားကာ သူကလည်း ငြင်းဆန်ထားခဲ့၏။ အချစ်ကို သူမယုံကြည်ပေ။
မတတ်သာ၍ Night Heaven Club တွင် အလုပ်လုပ်နေရသော်လည်း သူ့ဘဝလက်တွဲဖော်ကို ယောက်ျားလေးတစ်ယောက် ဖြစ်မနေစေချင်ပါ။ သူကိုယ်တိုင်ကလည်း အချစ်ရေးကို စိတ်မဝင်စားသေးသည်ကတစ်ကြောင်း သူ့လိင်စိတ်တိမ်းညွှတ်မှုကို သေချာမခွဲခြားနိုင်သည်က တစ်ကြောင်းကြောင့် သူ ထိုသို့ ငြင်းထားခဲ့ခြင်းလည်းဖြစ်၏။
" ကြွေသား ထိုင်လေ "
ကိုကျော်လင်းထက်က သူ့ကို နံဘေးတွင် ထိုင်ရန်လက်ပြ၏။ သူလည်း ဝင်ထိုင်လိုက်ရသည်သာ။ မျက်လုံးများကို ဟိုသည်ကစားရင်း သူမြင်ဖူးသည့် လူတစ်ယောက်ကို ရှာဖွေနေမိသည်။ ယခုလို သူဌေးများ၏ မွေးနေ့ပွဲသည် လူငယ်သူဌေးများ စုစည်းရာဖြစ်သဖြင့် ထိုလူငယ်ကိုလည်း ဤနေရာတွင် တွေ့လိမ့်မည်ဟု မျှော်လင့်မိသည်။
မရောက်ဖူးသည့် နေရာတစ်ခုသို့ ရောက်နေရခြင်းကြောင့် လူက နေထိုင်ရခက်နေသည်။ ရောင်စုံမီးရောင်တို့ကြား အရွယ်စုံ အရောင်စုံသည့် လူငယ်လေးများ၏ အရှိန်အဝါတစ်ချို့က သူ့ကို သိမ်ငယ်စိတ်ဝင်စေသည်။ တဖြည်းဖြည်းနှင့် သူ မည်သူ့ကိုမှ အာရုံစိုက်မရတော့ဘဲရှိ၏။ ရောင်စုံခြယ်မျက်နှာများကြား မမထံ လာရောက်ဖူးသည့် လူငယ်ကိုပင် သတိထားနိုင်ရန် ခဲယဉ်းလာခဲ့သည်။
YOU ARE READING
REVENGE EYES ( U & Z)
Acciónသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -