41

161 5 0
                                    

Uni

သမာဓိစံအိမ်ကြီး၏ မနက်ခင်းက ခါတိုင်းနေ့ရက်များထက် တိတ်ဆိတ်စွာ စတင်လာသည်။ မနက်စာစားပွဲတွင် လူမစုံဘဲရှိနေကာ သမာဓိရင်ခွင်လည်း မရှိ၊ ဦးဂုဏ်တင့်တယ်လည်း မရှိပေ။

ဂုဏ်သည်လည်း မနက်စာကို စိတ်မပါစွာစားသောက်နေခဲ့ပြီး သူ့နံဘေးမှ အလုပ်သမားများကိုပင် မရှိသူကဲ့သို့ သက်ပြင်းများချကာ စိတ်လွတ်လက်လွတ်နေထိုင်နေသည်။

သူဖခင်ကလည်း ခါတိုင်းလို မနက်စာစားရန် ဆင်းမလာသဖြင့် ထူးဆန်းနေသည်။ ဖေဖေက ဘိုးဘိုးစိတ်ငြိုငြင်မည်ကို အလွန်စိုးရိမ်တတ်သူဖြစ်ရာ မနက်စာကို မပျက်မကွက် ဆင်းစားလေ့ရှိသည်။

ယနေ့မနက်တွင်မူ ဆင်းမလာခဲ့ပါ။ ထို့ကြောင့် ထူးဆန်းနေပါသည်။ ဘိုးဘိုးကိုကြည့်လိုက်သောအခါတွင်လည်း ဖေဖေရောက်မလာရခြင်း၏ အကြောင်းအရင်းကို မမေးပါ။ ထို့အတူ သမာဓိရင်ခွင်နှင့်ပတ်သက်သည့် အကြောင်းအရင်းကိုလည်း မမေးပါပေ။ ဖေဖေက စံအိမ်တွင်မရှိ၍ ဆင်းမလာခြင်းပေလားဟု တွေးကာ ဂုဏ်ငြိမ်နေမိသည်။

ထိုအရာကလည်း ထူးဆန်း၏။ ဘိုးဘိုးက အသက်ရလာသည်နှင့်အမျှ နေ့စဉ်တိုင်း မိသားစုစုံစုံညီညီဖြင့် မနက်စာနှင့် ညစာကို စားရန် မျှော်လင့်လေ့ရှိသည်။ ထိုဆန္ဒကို သူကလွဲ၍ သမာဓိရင်ခွင်ရော ဖေဖေကပါ တတ်နိုင်သမျှ လိုက်နာပေးခဲ့ကြ၏။

ထိုသို့ လိုက်နာကာ အလိုလိုက်ပေးကြသူနှစ်ဦးက ရှိမနေဘဲ သူသာရှိနေသည်က စိတ်တွင် တစ်မျိုးကြီး ခံစားရသည်။ မကောင်းတာတစ်ခုခုဖြစ်လာတော့မည်ဟု ထင်လာသည်အထိ စိတ်ကို ထူးဆန်းစေသည်။ မလုပ်ဖူးသည့်အရာများ ပြုလုပ်လျှင် လူအများက ထိုလူကို တစ်ခုခုဖြစ်လိမ့်မည်ဟု ထင်မြင်ကြသကဲ့သို့ ဂုဏ်လည်း ထပ်တူခံစားနေရပါသည်။

ညက ဆေးရုံသို့ ပြန်သွားသောအခါတွင်လည်း သမာဓိရင်ခွင်က ထူးဆန်းနေပါသည်။ အစဉ်အမြဲ ဘိုးဘိုးကို အလေးထားကာ ဂရုစိုက်တတ်သူက ဘိုးဘိုးအကြောင်းကိုပင် မေးမလာခဲ့ပါ။

အတွေးများဖြင့်သာ ငြိမ်သက်နေသည်။ သမာဓိ၏ ပုံစံက တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ယတိပြတ်ဆုံးဖြတ်ထားသည့်ပုံ ဖြစ်နေပါသည်။ ဂုဏ့်ကိုလည်း စကားဟဟမပြောပါ။ ပကတိကလည်း သတိပြန်ရမလာသေးသဖြင့် ဂရုစိုက်နေကြရသည်။

REVENGE EYES ( U & Z)Where stories live. Discover now