54

168 6 0
                                    

Uni

ကြွေသားနိုးလာချိန်က ညနေစောင်းတွင်ဖြစ်လေသည်။ ဖျားလည်း ပြန်ရောက်နေသဖြင့် ပကတိ ဖုန်းဆက်စရာမလိုတော့ပါ။ ကြွေသားသတိရလာသည်ဟု ကြားသည်နှင့် ဖျားသည် လုပ်လက်စ အလုပ်များကို ပစ်ချကာ အနားသို့ရောက်လာ၏။

ပကတိလည်း သူတို့နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် ရှောင်ထွက်ပေးခဲ့၏။  ဖျားက ကြွေသား၏ လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်၍ နှုတ်ခမ်းတွင်ကပ်ကာ

" သတိရလာပြီနော် ကိုယ့်ကိုရော မှတ်မိရဲ့လား ကြွေသား "

" ဟုတ်... "

ကြွေသားက တိုးသဲ့သဲ့စကားသံလေးဖြင့် ခေါင်းငြိမ့်လေသည်။ ဖြူဖျော့ဖျော့ နှုတ်ခမ်းလေးများက အင်အားမရှိသည်ကို သရုပ်ပြနေကြ၏။

ဖျားလည်း ကြွေသားကို ထိုင်လျက်သားလေဖြစ်အောင် ကူညီပေး၏။ ထို့နောက် အသင့်ရှိနေသည့် စွပ်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်သည်။

" နည်းနည်းလောက်စားနော်၊ မင်း အားရှိအောင်လို့ "

ဖျား၏စကားကို နားထောင်ကာ ကြွေသားက စွပ်ပြုတ်ကို သုံးဇွန်းခန့်သောက်လေသည်။ ထို့နောက်တွက် သူ မစားနိုင်တော့ပေ။

" တော်ပြီအစ်ကို ဝပြီ "

" ဟင် ! နည်းနည်းပဲရှိသေးတယ်လေ ကြွေသားရယ် "

" ဟင့်အင်း ဝပြီ "

ကြွေသားက ခေါင်းတွင်တွင်ခါနေသဖြင့် ဖျားလည်းလက်လျှော့ရတော့သည်။ ကြွေသားက တစ်စုံတစ်ရာကို သတိရသွားပုံဖြင့် ငြိမ်ကျသွား၏။
ဖျားကလည်း အရိပ်တကြည့်ကြည့်ရှိနေသူမို့ ချက်ချင်းပင် ရိပ်မိသည်။

" ကြွေသား တစ်ခုခုကို စိုးရိမ်စရာရှိလို့လား၊ ကိုယ့်ကိုပြော ကိုယ် ကူညီပေးမယ် "

ကြွေသားက ဖျားကိုကြည့်ကာ ပြုံး၏။ သို့သော် ညှိုးငယ်နေသည့် အပြုံးလေး‌က ငိုမဲ့မဲ့မျက်နှာလေးကိုသာ ဖြစ်တည်စေသည်။

" ကျွန်တော် အစ်ကို့ကို လုံးဝ မေ့နိုင်ပြီထင်ထားတာ တကယ်ဒုက္ခရောက်တော့လည်း အစ်ကို့ဆီပဲ ပြေးလာမိတယ် "

REVENGE EYES ( U & Z)Where stories live. Discover now