26

189 7 3
                                    

Unicode

အပန်းဖြေစံအိမ်ကြီးက လူသူနည်းပါးသည့် နေရာတစ်ခုတွင်ဖြစ်ပြီး ခြံကျယ်ကြီး၏ အလယ်တွင်ရှိ၏။ ခြံပတ်ပတ်လည် ကွင်းပြင်ကျယ်ကြီးကို တောငယ်တစ်ခုကဲ့သို့ သစ်ပင်ဝါးပင်များ စိုက်ပျိုးထားသဖြင့် ခြံဝင်းတစ်ခုလုံးက သီးသန့်တောငယ်တစ်ခုကဲ့သို့ အုံ့ဆိုင်းနေ၏။

ပကတိသည် ထိုခြံဝင်းကို ကားပြတင်းမှကြည့်ကာ သဘာဝဆန်သည့် ပတ်ဝန်းကျင်ကြောင့် သဘောကျနေမိသည်။ လူနေထူထပ်လှသည့် မြို့ကြီးပြကြီးတွင် ဤနေရာမျိုးရှိသည်ကိုပင် မယုံကြည်နိုင်စရာ အေးချမ်းလွန်းနေ၏။ သီးခြားကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည်။

သူ ခေတ္တခိုနားခဲ့ဖူးသည့် သမာဓိ၏ စိုက်ခင်းခြံကြီးကိုပင် သတိရသွား၏။ သို့သော် ယခု အပန်းဖြေစံအိမ်ကြီးက နှစ်ဆခန့်ပိုကျယ်ကာ သစ်တောငယ်ကလည်း ပို၍စိမ်းမှောင်အုံ့ဆိုင်းနေ၏။ ကွန်ကရစ်ခင်းလမ်းလေးက ‌သစ်ပင်ရိပ်တစ်လျှောက်ရှိနေကာ လမ်းလေးတစ်ခုလုံးက အရိပ်ကျနေသဖြင့် ကား‌ကိုဖြေးဖြေးမောင်းနေသော်လည်း အေးမြမြလေပြေက ကားပြတင်းမှ ဝင်လာနေသည်။

ဂုဏ်က အပြင်သို့ငေးကာ ပြုံးယောင်သန်းနေသည့် ပကတိကို ပြော၏။

" သဘောကျလို့လား "

ပကတိက ဂုဏ့်ကို ပြန်လှည့်ကြည့်ကာ ခေါင်းငြိမ့်၏။

" အင်း... အရမ်းအေးချမ်းတယ်လေ၊ ဒါက သမာဓိအပန်းဖြေစံအိမ်လား "

ပကတိက သမာဓိစံအိမ်၏ နာမည်ကိုသာ ယူထားမည်ဟု အထင်ဖြင့်မေး၏။

သို့သော် ဂုဏ်က ခေါင်းခါလိုက်ပြီး

" မဟုတ်ဘူး ဂုဏ်အပန်းဖြေစံအိမ်ပါ၊ ဒီနေရာက ဖေဖေ့နာမည်နဲ့လေ၊ အခုတော့ ကျွန်တော့်အပိုင်ပေါ့ "

" ဦးလေးဂုဏ်က မင်းကို ပေးထားတာပေါ့ "

" အင်းလေ "

ခပ်ပေါ့ပေါ့သာဖြေလိုက်သော်လည်း ပကတိကမူ မျက်လုံးများပြူးလျက် တအံ့တဩပြန်ကြည့်၏။

" ဝိုး..... မင်း တကယ်ချမ်းသာတာပဲ၊ ကံကောင်းလိုက်တာ "

" ခင်ဗျားလည်း အမြဲလာလည်လေ "

REVENGE EYES ( U & Z)Where stories live. Discover now