17

227 8 0
                                    

Unicode

" သွားပါပြီ ... သွားပါပြီ ! သမာဓိရင်ခွင် ! သမာဓိရင်ခွင် !! "

ပကတိပြင်ညီက ဖုန်းလေးကိုကိုင်၍ အိမ်လေးထဲမှ အပြေးအလွှားထွက်လာ၏။ အပြင်ဘက်တွင် ဖုန်းဆက်နေသည့် သမာဓိထံရောက်သွား၏။

လွန်းနေက သမာဓိရင်ခွင် အိပ်စက်အနားယူနိုင်စေရန် camping car ထဲတွင် ပြင်ဆင်ပေးနေရာမှ ပကတိပြင်ညီ၏အသံကြောင့် ထွက်လာသည်။

သမာဓိကလည်း ဖုန်းပြောသည်ကို ရပ်တန့်၍ လှည့်ကြည့်၏။ ပကတိက သမာဓိရင်ခွင်ကိုမြင်လျှင် ပြေးလာသောခြေလှမ်းများ ရပ်တန့်သွားသေး၏။

မနက်ခင်းက သူတို့ အဖြစ်အပျက်ကို သတိရလိုက်သဖြင့် မျက်နှာချင်းဆိုင်ရန် ဝန်လေးသွားမိခြင်း။ သို့သော် သူ့တွင် ယခုကြုံတွေ့နေရသည်က ပိုမိုကြီးမားသော ပြဿနာဖြစ်ခြင်းကြောင့် ထိုအဖြစ်ကို မေ့လိုက်ပြီး သမာဓိရင်ခွင်အနားသို့ ရောက်လာသည်။

" သမာဓိ "

" ပြောပါဗျာ "

" ဒီမှာ ! "

ပကတိပြင်ညီက ဖုန်းကို ထိုးပေး၏။ သမာဓိက ပကတိကို နားမလည်သည့်အကြည့်တစ်ချက်ဖြင့် ပြန်ကြည့်ကာ ဖုန်းကိုယူကြည့်သည်။ ထို့နောက် သူကိုယ်တိုင်သည်လည်း မျက်လုံးပြူးသွားခဲ့သည်။ စကားများလည်း ထစ်အကုန်၏။

" ဟင် ! ဒါက ? "

လွန်းနေကပါ သမာဓိ၏ အပြုအမူကြောင့် အနားသို့ ရောက်လာသည်။ သမာဓိက ဖုန်းကို လွန်းနေအား ကြည့်စေ၏။ လွန်းနေလည်း ဖုန်းကိုယူကြည့်လိုက်ပြီး မျက်လုံးပြူး၏။ ထို့နောက် မယုံကြည်နိုင်လွန်းစွာ ရေရွတ်၏။

" ဒါက ကာယကံရှင်ကိုယ်တိုင် ဝန်ခံလိုက်တာပေါ့နော် သခင်လေး "

" အင်း "

လွန်းနေ၏အမေးကို သမာဓိရင်ခွင်က ခပ်လေးလေးဖြင့် ခေါင်းငြိမ့်၏။ သူတို့ တစ်နေ့လုံး သတင်းမကြည့်ဖြစ်ခဲ့ကြပါ။ သမာဓိရင်ခွင်လည်း ပကတိကိုငဲ့၍ အပြင်သို့ မထွက်ဖြစ်ခဲ့။

အင်တာနက်သတင်းများကိုလည်း မကြည့်ဖြစ်ခဲ့ကြပေ။ လွန်းနေကလည်း သမာဓိအတွက် camping car ကို စံအိမ်မှ သွားယူမောင်းလာခဲ့သည်။ ပကတိပြင်ညီကို ခေါ်သွားရန်အဆင်မပြေသေးဟု ယူဆသဖြင့် ဒီနေ့ညကို ဒီခြံတွင်သာအိပ်ရန် ဆုံးဖြတ်ထားခြင်းကြောင့်ဖြစ်သည်။
အိမ်က ကျဉ်းသဖြင့် သမာဓိက ညအိပ်ချိန်အဆင်ပြေစေရန် လွန်းနေကို ဤသို့ စီစဉ်စေခဲ့ခြင်းဖြစ်သည်။

REVENGE EYES ( U & Z)Where stories live. Discover now