40

192 6 0
                                    

Uni

ဆေးရုံသို့ရောက်ချိန်တွင် ပကတိကို အရေးပေါ်ခန်းထဲသို့ချက်ချင်းထည့်ကြရသည်။ ဖျားကလည်း ပကတိရှိရာသို့ အပြေးရောက်လာ၏။ အခြေအနေကို မေးမြန်းပြီးသော် ပကတိသည်
အိပ်ဆေးလွန်နေပြီး အရေးပေါ်ကုသနေရသည်ကို သိရှိသွားလေသည်။

ဖျားသည် သမာဓိကိုမြင်လျှင် ပြေးသွားကာ အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်ဆွဲယူလိုက်သည်။ အံကြိတ်ထားမိကာ သမာဓိ၏ကိုယ်ကြီးကို ဆွဲခါရင်း မေး၏။

" မင်း ဘာတွေလုပ်နေလို့ ပကတိက အခုလိုမျိုး အသက်အန္တရာယ်ဖြစ်နေရတာလဲ၊ မင်း သူ့ကိုတောင် မကာကွယ်နိုင်ဘဲ ဘာလို့လက်ထပ်ထားတာလဲ "

" ဒေါက်တာ !! "

" လွန်းနေ ! "

လွန်းနေက ဘုံဖျားကို ဆွဲဖယ်ရန် အနားရောက်လာ၏။ သမာဓိက လက်ကာပြလိုက်သည်။ လွန်းနေ သူ့သခင်လေးကိုကြည့်ကာ ရပ်နေတော့သည်။ ဘုံဖျားကလည်း လွန်းနေကိုတစ်ချက်လှည့်ကြည့်ကာ ရပ်နေသည်ကိုမြင်လျှင် သမာဓိကိုသာ ရန်လိုနေသည့်အကြည့်တို့ဖြင့် ပြန်ကြည့်၏။

" မင်းအခုလိုပဲ ပကတိကို ဒုက္ခရောက်စေမှာဆို ကွာရှင်းပေးလိုက်တော့ "

စကားဆုံးလျှင် ဖျားက သမာဓိ၏ကိုယ်ကြီးကို တွန်းထုတ်လိုက်သည်။ သမာဓိသည် ဆေးရုံနံရံသို့ ကျောကပ်ကျသွားကာ စကားမဆိုနိုင်။
သမာဓိသည် အပြစ်ရှိသူနှယ် ခေါင်းငုံ့၍ ဖျားကို တောင်းပန်သည်။

" တောင်းပန်ပါတယ်၊ ကျွန်တော် အစ်ကို့ကို ပိုပြီး ဂရုစိုက်ပေးပါ့မယ် "

" သူ ဘာမှမဖြစ်မှ အဲ့စကားကို မင်းပြောရမှာ "

ဖျားက သမာဓိကို တွန်းဖယ်ကာ အရေးပေါ်ခန်းထဲသို့ဝင်သွား၏။ ပကတိ၏အခြေအနေကို သိစေရန် တာဝန်ကျဆရာဝန်များနှင့် ဆွေးနွေးသည်။

နာရီဝက်ခန့်ကြာသော် ဖျားက သမာဓိရှေ့သို့ ထပ်ရောက်လာသည်။

" ပကတိ အခုလိုမျိုး ဆက်တိုက်အိပ်ပျော်နေတာ ဘယ်နှရက်ရှိပြီလဲ "

" မသိဘူး ဒေါက်တာ "

" ဘာ !!! မသိဘူး ??? "

ဖျားမျက်နှာတင်းသွား၏။ သမာဓိကို ထိုးကြိတ်တော့မတတ် ရှေ့တိုးလာ၏။ သမာဓိက ခေါင်းငုံ့ထားရင်း ဆက်ပြောသည်။

REVENGE EYES ( U & Z)Where stories live. Discover now