60

219 5 0
                                    

Uni

" လုပ်ငန်းစုကိုယ်စားလှယ်ကို စိတ်တိုင်းကျ ဆန္ဒပြု ရွေးချယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ !!!! "

ကြေညာလိုက်သည့်နောက် ဦးဂုဏ်တင့်တယ်၏ ရှယ်ယာရှင်များက သွက်လက်မြန်ဆန်စွာပင် ဆန္ဒပြုနေကြ၏။

အစည်းအဝေးခန်းမကြီးတစ်ခုလုံးသည် နှစ်ဖက်လွန်ဆွဲမှုများဖြင့် တင်းမာနေလေသည်။ ရှေ့ဆုံးခုံတန်း၏ အဓိကနေရာတွင်ထိုင်နေသော ဦးသမာဓိဂုဏ်ပင် မျက်နှာမလှနိုင်ဘဲရှိလေသည်။ သူ့အကြည့်များက ဝင်ပေါက်ဆီသို့ မကြာခဏကျရောက်နေကာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေ၏။

မြေးဖြစ်သူကို ထောက်ခံကြမည့်ရှယ်ယာရှင်များကလည်း ဦးသမာဓိဂုဏ်ထံ တစ်ကြည့်ကြည့်ဖြင့်ရှိနေကြပြီ။ မဲပေးချိန် တစ်မိနစ်အတွင်း သူတို့ထောက်ခံမည့် သမာဓိရင်ခွင်ကို စောင့်မျှော်နေကြ၏။ အစည်းအဝေးသို့ပင်တက်ရောက်ခြင်းမရှိသည့် သူတို့ကိုယ်စားလှယ်ရောက်ရှိမလာလျှင် မတတ်နိုင်စွာပင် အစည်းအဝေးကိုတက်ရောက်သည့် ဂုဏ်ထည်ဝါကိုသာ ‌ထောက်ခံအားပေးရတော့မည်ဖြစ်သည်။ လုပ်ငန်းစုကြီး၏ အရေးအကြီးဆုံးအစည်းအဝေးကိုပင် အလေးမထားသူကို သူတို့ထောက်ခံပေးနိုင်လိမ့်မည်မဟုတ်ပါ။

မဲပေးချိန်တစ်မိနစ်ကလည်း စက္ကန့်များတစ်ချပ်ချပ်ကုန်လွန်လာခဲ့၏။ ဦးသမာဓိဂုဏ် ထိုင်လျက်သား မနေနိုင်တော့ပေ။ အနားရှိ ဦးထက်လှိုင်ကိုခေါ်လိုက်၏။

" မောင်လှိုင် "

" ဟုတ်ကဲ့ သခင်ကြီး "

" မြေးကိုသွားရှာစမ်း "

ထိုစဉ် တံခါးဖွင့်၍ ဝင်ရောက်လာသည့် သမာဓိရင်ခွင်ကိုမြင်လိုက်ရလေသည်။ ထိုအခါ ဦးသမာဓိဂုဏ်သည် ဝမ်းသာစွာဖြင့်ထရပ်လိုက်လေသည်။

" မြေး !!! "

သမာဓိရင်ခွင်ကမူ တည်တင်းသည့်မျက်နှာဖြင့်ရှေ့တိုးလာနေသည်။ သမာဓိကိုထောက်ခံကြမည့် ရှယ်ယာရှင်များက မျက်နှာများကြည်လင်လာကာ ဆန္ဒပြုရန် ပြင်ဆင်ကြ၏။

ထိုစဉ် သမာဓိက ဦးသမာဓိဂုဏ်အနားသို့ရောက်လာကာ

" မေမေ့မတော်တဆမှုက တကယ်ပဲ မတော်တဆသက်သက်ပဲလား ဘိုးဘိုး "

REVENGE EYES ( U & Z)Where stories live. Discover now