Uni
သက်ပြင်းအကြိမ်ကြိမ်ချမိသည်က အလေးလံဆုံးသော အရာဝတ္ထုတစ်ခုကို ပခုံးထက်ထမ်းတင်ထားရသကဲ့သို့ပင်။ အကြိမ်ပေါင်းမည်မျှပင် တွေးပါသော်လည်း အဖြေကို မတွေ့နိုင်ခဲ့ပေ။
စံအိမ်တော်၏ မီနီဘားလေးဆီသို့ ဆင်းလာခဲ့ကာ အရက်အနည်းငယ် ယူသောက်ရန် စိတ်ကူးရလိုက်သည်။ သို့နှင့် အလုပ်ခန်းတွင် တစ်ယောက်တည်း စိတ်ဖိစီးနေရာမှ ဆင်းလာခဲ့၏။ သို့သော် ထင်မထားသည်က ဘားတွင် သူ့ထက်အရင် လူတစ်ယောက်ရောက်ရှိနေခြင်းပင်။
ထိုလူလေးက အရက်များကို မျိုချကာ မူးယစ်၍ပင် နေချေပြီ။ အိပ်ခန်းတွင် အိပ်နေပြီးဟု သူထင်ထားသော်လည်း ယခု သူ့ရှေ့တွင် အမူးသမားလေးအဖြစ် ကိုယ်ထင်ပြလာ၏။ သမာဓိလည်း အနားသို့ အမြန်လျှောက်သွားလိုက်၏။
" အစ်ကို "
" ဘာအစ်ကိုလဲ !!! "
လူကို ဆီးငေါက်ကာ လှည့်ကြည့်လာသည်က မီးဝင်းဝင်းတောက် မျက်လုံးများဖြင့် ဖြစ်သည်။ သို့သော် သူကိုယ်တိုင်ပင် မသိရှာသည်က အရက်မူးနေသည့် ထိုလူက အလွန်ချစ်စရာကောင်းနေခြင်းဖြစ်၏။
ပါးနှစ်ဖက်လုံး နီမြန်းနေသည်က မက်မွန်သီးနှစ်လုံးကို ပါးပေါ်တင်ထားသည့်နှယ်။ မျက်လုံးလေးများက ရီဝေနေကာ မျက်တောင်ဖျားလေးများကလည်း ပါးပေါ်သို့ အရိပ်ထင်သည်အထိ စင်းကျနေပုံက ကလေးလေးတစ်ယောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ကြိုးစားဖွင့်နေရသည်နှင့် တူပါသည်။
အလှဆုံးက အရက်ရှိန်ကြောင့် ထူပူနီမြန်းနေသည့် နှုတ်ခမ်းအိအိလေးများဖြစ်သည်။ အနည်းငယ်စူထော်နေကာ သမာဓိကို မကြည်မလင်ကြည့်နေပုံက အလိုမလိုက်သူကို မကျေမနပ်ကြည့်နေသည့် ကလေးတစ်ယောက်နှယ်ပင်။ မျက်နှာတစ်ခုလုံးတွင် ပါးပြင်တို့နှင့်နှုတ်ခမ်းတစ်စုံ၏အလှက စိုးမိုးနေကာ အရက်ခိုးသောက်နေသည်ကိုပင် စိတ်မဆိုးနိုင်သည်အထိ အလှကြွယ်သူကြောင့် သမာဓိ၏ နှုတ်ခမ်းများတွင် ပြုံးရိပ်သာထင်လေသည်။
သမာဓိလည်း ဘားတွင်အသာဝင်ထိုင်ကာ ပကတိကိုကြည့်၏။ ပြုံးစစနှုတ်ခမ်းတို့ကို အမူးသမားလေးက သတိထားမိသည့်နှယ် သမာဓိဘက်သို့ တိမ်းလာကာ သေချာပြူးပြဲကြည့်ပြန်သည်။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -