12

253 9 0
                                    

Unicode

Night Heaven Club .....

ပျော်ရွှင်ရခြင်းထက် ပိုလွန်သော ပြည့်စုံခြင်းများဖြင့် ပြည့်နှက်နေသည့် ထိုနေရာ။ အဖော်အပေါင်းများနှင့် ဝိုင်းဖွဲ့သောက်စား ပျော်ရွှင်နိုင်သည့် မျက်နှာစာ ‌စားသောက်ခန်းမ၊ ငယ်ရွယ်သူများ ကခုန်ပျော်ရွှင်နိုင်သည့် နောက်ဖက်အကခန်းမ၊ သီးခြားပျော်ရွှင်လိုသူများ၊ မိမိ၏ဖြစ်တည်မှုကို ဖုံးကွယ်ကာ တိတ်တဆိတ်အချိန်ဖြုန်းလိုသူများအတွက် သီးသန့်အခန်းများပါရှိသည့် ဒုတိယထပ်ရှိ သီးသန့်ခန်းများ။ အားလုံးသည် သူ့ပျော်ရွှင်မှုနှင့်သူ ဖြည့်ဆည်းပေးနိုင်ကြသည်သာ။ ဆန္ဒအမျိုးမျိုးကို သယ်ဆောင်၍ လာရောက်ကြသူတိုင်းကို ဖော်ရွေစွာကြိုဆို၍ နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းပျော်ရွှင်စေနိုင်သည်။

ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့သောက်စားကြသည့် စားသောက်ခန်းမသည်လည်း လူအပြည့်ဖြင့် စည်ကားနေ၏။ စင်မြင့်ထက်ရှိ အဆိုတော်လေးများကလည်း အလှည့်ကျဖျော်ဖြေကာ တာဝန်ကျေနေကြသည်။ စားပွဲထိုးလေးများကလည်း လက်မလည်အောင်ပင် ပြေးလွှားတာဝန်ကျေနေရ၏။ စားပွဲထိုးလေးများအကြား သီးသန့်ဧည့်ခံသူ ဧည့်ခံလူငယ်လေးများလည်း ရှိကြ၏။ ထိုလူငယ်လေးများသည် ဆန္ဒဖြည့်ဆည်းလိုသည့် ဧည့်သည်များရှိပါက စားသုံးသူအလိုကျ သီးသန့်ခန်းသို့ လိုက်ပါကြရသည်။ အတူတူအိပ်စက်၍ ဧည့်သည်ကို ပျော်ရွှင်စေသည်။ စားသောက်ခန်းမသည် လူစည်မြဲစည်ဆဲဖြစ်ကာ ရယ်သံများဖြင့် ဖုံးလွှမ်းနေမြဲဖြစ်လေသည်။

" ကြွေသား "

" ဗျာ ! ဂျာကြီး "

ဝန်ထမ်းများကို စီမံရသူ ဝန်ထမ်းမန်နေဂျာက ကြွေသားအနီးသို့ရောက်လာသည်။ ကြွေသားသည် နေမကောင်းသဖြင့် အနည်းငယ်မူးရိပ်ရိပ်ဖြစ်နေသည်။ ထို့ကြောင့် နောက်ဖေးသို့ခဏဝင်ကာ အနားယူခြင်းဖြစ်သည်။ သို့သော် မန်နေဂျာကို လေးစားသည့်အနေဖြင့် မတ်မတ်ပြင်ရပ်လိုက်သည်။ မန်နေဂျာအစ်ကိုကြီးက ကြွေသားနေမကောင်းသည်ကို သိသဖြင့် အပြစ်တင်သည့်စကားတော့မဆိုပေ။ ဧည့်သည်ကျလွန်းသည့်အချိန်ဖြစ်သဖြင့် အနားယူခွင့်မပေးနိုင်သည်ကိုပင် စိတ်မကောင်းဖြစ်နေသေးသည်။

REVENGE EYES ( U & Z)Where stories live. Discover now