အပိုင်း (၅) [ Uni + Zaw ]

10.4K 437 5
                                        

Unicode

မင်းခန့် အိမ်ပြန်ရောက်တော့ ရှင်းခကသွားစရာပေါ်လာလို့ထွက်သွားသည်ဖြစ်၍ ပန်းချီ့ကိုကျူရှင်သွားကြိုပေးရန် မေမေကပြောတာနှင့် မင်းခန့်လည်း အိမ်သို့ပြန်ရောက်ရောက်ချင်းပဲ ထမင်းချိုင့်နှင့်လွယ်အိတ်ကိုထားကာ ပြန်ထွက်လာခဲ့ရသည်။
ကျူရှင်သည် လမ်းကျဥ်းလေးထဲတွင်ဖြစ်သည်။ ကျူရှင်ရှိသည့် တိုက်အောက်တွင် ပန်းချီ့အရွယ်လောက်ရှိမည့် ကောင်လေး၊ ကောင်မလေးတွေ ရပ်နေကြ၏။ ပန်းချီ့ကိုတော့ မတွေ့ရပေ ။

မင်းခန့် ထိုအုပ်စုနားသွားလိုက်ပြီး..
" ဟို ညီမလေးတို့ မေပန်းချီ ဆင်းမလာသေးဘူးလား "

" အာ.. ပန်းချီ့ကိုလေ တီချယ်ကပြောစရာရှိလို့တဲ့ ခနခေါ်ထားတယ် အစ်ကို "

" သြော် ဟုတ်ကဲ့ပါဗျ "

ကျူရှင်လခပေးဖို့နောက်ကျနေတာကို ဆရာမကိုတောင်းပန်ရအုံးမှာ သတိရသွား၍ မင်းခန့်အောက်မှာ ရပ်စောင့်မနေတော့ပဲ အပေါ်သို့တက်လာခဲ့လိုက်သည်။ ကျူရှင်သည် ငါးလွှာမှာဖြစ်၍ ရောက်ဖို့ တော်တော်တက်လိုက်ရသည်။ အခန်းတံခါးသည် အနည်းငယ်ဟနေ၍ အသံအချို့ကိုအပြင်မှကြားနေရသည်။

" ငါနင့်ကိုအများကြီး သည်းခံပေးထားတာနော် မေပန်းချီ.. အခုခေတ်မှာ ကျူရှင်စရိတ်တွေက အရမ်းဈေးကြီးနေတာ..ဒီကျူရှင်တစ်ခုပဲ နင့်ကိုတစ်လတစ်သိန်းနဲ့လက်ခံပေးထားတာ အဲ့တာတောင် မှန်အောင်မပေးနိုင်ဘူးလား "

မင်းခန့်လက်သီးကိုကျစ်ကျစ်ဆုပ်လျက် အခန်းနားကိုကပ်သွားကာ ဟနေတဲ့တံခါးပေါက်ကလှမ်းကြည့်လိုက်တော့ ဆရာမဆိုသည့်အမျိုးသမီးသည် ပန်းချီ့ကိုလက်ညှိုးငေါက်ငေါက်ထိုးလျက် အော်နေတာဖြစ်သည်။ ပန်းချီကတော့ ခေါင်းကိုသာငုံ့ထား၍ " ဖြစ်အောင်ပေးပါ့မယ် တီချယ် ခနလေးစောင့်ပေးပါ " ဟုသာပြောနေသည်။

" နင်တို့မိသားစုကလည်း သုံးယောက်ရှာပေလို့ပေါ့ နင့်အစ်ကိုအကြီးဆုံးတစ်ယောက်တည်းသာရှာရင် ခွက်ဆွဲပြီးတောင်းစားရမလားပဲ "

မင်းခန့် အသားတွေတဆက်ဆက်တုန်လာသည်။ ထပ်ပြီးသည်းမခံနိုင်တော့၍ တံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်၏။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя