Unicode
အာဏာထွက်သွားပြီးတဲ့နောက် ရှင်းခ ဖုန်းကိုထုတ်လိုက်ကာ လွှမ်းဆီသို့ဆက်လိုက်သည်။
" စီအီးအို ထွက်သွားပြီ အစ်ကို "
" အဲ့တာဆို ညီလေးလည်း ထွက်လာခဲ့တော့လေ .. အစ်ကို့လူတစ်ယောက် ညီလေးကိုထွက်ခေါ်လိမ့်မယ် "
" ဟုတ်ကဲ့ပါဗျ "
ဟုဆိုကာ ရှင်းခ ဖုန်းကိုချလိုက်သည်။
-----------------------------------------------------------
နေ့လည်ခင်းလောက်က အာဏာ့အိမ်မှထွက်လာပြီးတဲ့နောက် လွှမ်းနဲ့သက်ပိုင်တို့ လွှမ်းရဲ့အိမ်တွင် ထပ်ပြီးစကားပြောနေခဲ့ကြသေးသည်။
" အဲ့ကောင်အာဏာကတော့ သိပ်မဟုတ်တော့ဘူး လွှမ်းရ .. ရှင်းခကိုဘာလို့မခေါ်ချင်ရတာလဲ .. "
" လူတွေကအဲ့လိုပဲ.. တစ်ယောက်ယောက်ကိုချစ်မိသွားရင် ကိုယ့်ကြောင့်သူထိခိုက်မှာကို မလိုလားကြဘူးလေ .. "
" အဲ့တာတော့ အဲ့တာပေါ့.. ဒါပေမဲ့ ဟိုတယ်ကို ငါကလည်းလိုက်မှာမဟုတ်ဘူးလေ.. မင်းတို့ကိုစိတ်ပူတယ်ကွာ.. ငါလာခဲ့ရမလား "
" မလုပ်နဲ့သက်ပိုင် မင်းမလာနဲ့.. အဖိုးကြီးကယုံရတာမဟုတ်ဘူး.. ငါတို့ကိုဒီဘက်မှာအာရုံလွှဲပြီး မင်းမိန်းမနဲ့ကလေးကို အန္တရာယ်ပြုနိုင်တယ်.. "
သက်ပိုင်က လေပူတစ်ချက်မှုတ်ထုတ်ကာ ခေါင်းကိုခါလိုက်ရင်း စားပွဲခုံကိုတဒေါက်ဒေါက်ခေါက်နေ၏။
ထိုအချိန်တွင် စားပွဲပေါ်တွင်တင်ထားသော လွှမ်းရဲ့ဖုန်းမြည်လာသည်။
လွှမ်း Contact name ကိုကြည့်လိုက်ပြီး သက်ပိုင်ဘက်သို့လှည့်ကာ..
" ရှင်းခဆက်တာဟ "
" ကိုင်လိုက်လေ
လွှမ်းဖုန်းကိုကိုင်လိုက်ပြီး..
" Hello "
" Hello အစ်ကိုလွှမ်း.. ကျွန်တော်မေးစရာလေးရှိလို့ဗျ "
" မေးလေ "
" စီအီးအိုက ဒီညနေဘယ်သူနဲ့ချိန်းထားတာလဲဗျ .. သူ့အတွက် အန္တရာယ်တစ်ခုခုရှိလို့လား "
လွှမ်း ဘာပြောရမလဲမသိဖြစ်နေသည်။ သူ့စိတ်အတိုင်းသာဆိုရင်တော့ ရှင်းခကို အမှန်အတိုင်းပြောမိမှာဖြစ်ပေမဲ့ အာဏာက မပြောဖို့မှာထားသည်မဟုတ်ပါလား ။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)