Unicode
[ A/N: ဤအပိုင်းတွင် Side Couple များဖြစ်သော လွှမ်းလရောင် ၊ မေပန်းချီ ၊ မင်းခန့်နောင် ၊ မိုးသစ်ရိပ် တို့၏ အခန်းများသာ ပါဝင်ပါသည် ။ ]
" ဦးလေးကြီး ! "
ခွပ်!
" ဦးလေးကြီး တော်ပါတော့ "
ပန်းချီပြောနေတာကိုတောင် နားမထောင် ၊ လွှမ်းသည် ထိုဂျလေဘီလိုလိုကောင်အား အင်္ကျီကော်လံကိုဆွဲလျက် တစ်ချက်ပြီးတစ်ချက်ထိုးနေသည်။ ထိုသူနှင့်ပါလာသူနှစ်ယောက်သည်လည်း လွှမ်းရဲ့သရဲဘီလူးစီးနေသလို မျက်နာထားနှင့် လည်ပင်းကနေ လက်မောင်းနှစ်ဖက်လုံးအပြည့်ထိုးထားတဲ့ တက်တူးတွေ ၊ ခန္ဓာကိုယ်ကလည်း သူတို့ထက်အများကြီးတောင့်တင်းနေတာကြောင့် ရှိန်နေကြပြီး ဝင်ပါဖို့ရာမရဲတော့ ။
" ဟမ် ဘာလဲ တွဲမလားဟုတ်လား .. မင်းမေကြီးတော်ကိုတွဲ ! "
ခွပ်!
" ကျွန်တော် တောင်းပန်ပါတယ် .. မှားသွားပါတယ် တောင်းပန်ပါတယ် "
" ဦးလေးကြီး တော်ပါတော့ သူ့ကိုလွှတ်လိုက်ပါတော့ .. သူများတွေမြင်ကုန်ရင်မကောင်းပါဘူး "
ဟူသည့် ပန်းချီစကားကြောင့် လွှမ်း ထိုကောင်လေး၏ အင်္ကျီကော်လံစကို လွှတ်ပေးလိုက်ကာ..
" သွားတော့! " ဟု ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။
သုံးယောက်လုံး တစ်ချိုးတည်း လစ်ပြေးသွားတော့၏။
လွှမ်း ပန်းချီ့ကိုကြည့်လိုက်တော့ ပန်းချီတစ်ယောက် သူ့ဘေးတွင် ကုပ်ကုပ်ကလေးရပ်နေလေ၏။ ကြည့်ရတာ သူ့ရဲ့ပုံစံကိုကြောက်သွားသည်ထင် ။
" ချီချီ "
သူရှေ့ကိုတိုးတော့ ထိုကောင်မလေးက နောက်ကိုတစ်လှမ်းဆုတ်သွားသည်။
" ဘာလို့ လမ်းမကြီးကမပြန်ဘဲ ဒီလမ်းကပြန်ရတာလဲ .. လူပြတ်ကပြတ်နဲ့ အန္တရာယ်များတယ်လေ "
" ဦးလေးကြီးက အခုချီချီ့ကိုဆူနေတာလား "
လွှမ်း ပြာပြာသလဲဖြစ်သွားရသည်။ အတတ်နိုင်ဆုံးလေသံကို အေးသထက်အေးအောင် ကြိုးစားပြီးပြောပေမဲ့ သူ့လေသံသည် ဆူသည့်အသံပေါက်သွားသည်တဲ့လား ။
VOCÊ ESTÁ LENDO
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)