Unicode
" ခန့်နောင် ငါ့ကိုအိမ်စာကူရေးပေးပါအုံး "
" မင်းကလည်း လုပ်ပြီကွာ ၊ မင်းစာပြီးတဲ့နေ့ဆိုတာရောရှိသေးရဲ့လား ၊ အမြဲငါပဲရေးပေးနေရတယ် "
ခန့်နောင် ပြောရင်း မင်းဘုန်းမြတ်ဆီမှ စာအုပ်ကိုဆွဲယူလိုက်သည်။ သူတို့နှစ်ယောက်ခင်လာခဲ့သည်မှာဆယ်စုနှစ်တစ်ခုကျော်လောက်ရှိခဲ့ပြီ ။ မင်းဘုန်းမြတ်ကဘယ်တော့မှအိမ်စာကိုပြီးအောင်ရေးလေ့မရှိ၊ သူရေးဖို့များတမင်ချန်ထားပေးသလားဟုတောင်ထင်ရသည်။
" ဒီနေ့ကျောင်းသားအသစ်ရောက်မယ်ဆို ၊ မင်းဘယ်သူလဲသိလား ခန့်နောင် "
" မသိဘူး ၊ ရှမ်းပြည်ကနေပြောင်းလာတာလို့ပြောတာဘဲ "
ထိုစဥ် ကျောင်းသားတစ်ယောက်ကအတန်းထဲဝင်လာ၍ အားလုံးကထိုမျက်နှာသစ်ဖြစ်နေသောကျောင်းသားအားဝိုင်း၍ကြည့်နေကြသည်။ ဖြူဖွေးသောအသားအရေနဲ့ မျက်နာလေးကရှင်းသန့်နေသည်။
" အားလုံးပဲမင်္ဂလာပါ ၊ ငါကကျောင်းသားအသစ်လေ "
ဝင်လာကတည်းကအားလုံးကိုလိုက်နှုတ်ဆက်နေသောကောင်လေးသည် တော်တော်တက်တက်ကြွကြွရှိသည်ဟုထင်ရသည်။ ရန်ကုန်မှာလူချမ်းသာစာရင်းဝင် သူဋ္ဌေးကြီး၏သားမင်းဘုန်းမြတ်ကတော့ သူ့ရဲ့ပုံစံအတိုင်းပင် ခြေချိတ်ထိုင်ကာ လှမ်းကြည့်နေ၏။ ပြီးနောက်လက်ခုပ်နှစ်ချက်တီးလိုက်ပြီး ၊
" ဟေ့ကောင် ဒီကိုခနလာအုံး "
ခန့်နောင်စာရေးနေတာကိုရပ်လိုက်ကာ မင်းဘုန်းမြတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ဘယ်လောက်ပဲ အချိန်တွေကြာသွားပါစေ မင်းဘုန်းမြတ်ရဲ့မာနကြီးပြီးအထက်စီးဆန်တဲ့ပုံစံကပြောင်းလဲမသွားခဲ့ဘူး ။
" ငါ့ကိုခေါ်တာလား "
" အင်း ၊ ကျောင်းသားအသစ်မလား ၊ နာမည်ကရော "
" ငါ့နာမည်က ညီလင်းမြတ် "
" ဟုတ်ပြီ တွေ့ရတာဝမ်းသာတယ် ၊ ငါ့နာမည်ကမင်းဘုန်းမြတ် ၊ ဒီကောင့်နာမည်ကခန့်နောင် "
" မင်းတို့ကဒီမှာဆရာကြီးတွေပေါ့ "
ညီလင်းရဲ့အပြောကြောင့် မင်းဘုန်းမြတ်ခေတ္တခနကြောင်သွားပြီးနောက် အားရပါးရရယ်လိုက်မိသည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)