Unicode
အာဏာ့အသက်ဆယ့်နှစ်နှစ်မှာပဲ အာဏာ့အဘိုးဖြစ်သူကဆုံးပါးသွားခဲ့တော့ ကုမ္ပဏီရှယ်ယာဈေးတွေထိုးကျပြီး ဒေဝါလီခံလုဆဲဆဲအခြေအနေဖြစ်ခဲ့သည်။ ထိုအချိန်တွင် မြတ်ပိုးနွယ်ကရှယ်ယာရှင်တစ်ယောက်အနေနဲ့ ကုမ္ပဏီကိုရောက်လာခဲ့သည်။
" နွယ် မင်းဘာလိုချင်တာလဲ "
နွယ်က သူ့ကိုဘာအကြောင်းနဲ့မှကူညီမှာမဟုတ်မှန်း သူသိသည်။ သူ့ဘဝထဲပြန်ဝင်လာတာအကြောင်းတစ်ခုခုတော့သေချာပေါက်ရှိရမည်။
" ငါနင့်ကိုလိုချင်တာ "
" ဘာ? "
" နင့်ကိုလိုချင်တာလို့ ၊ ဖြူ့ဆီကနေနင့်ကိုလုယူချင်တာ ၊ ရပြီလား "
" ငါ့မှာအိမ်ထောင်နဲ့ နွယ် ၊ ဖြူကငါ့မိန်းမ ၊ ငါသူနဲ့ပဲ အသက်ထက်ဆုံးနေသွားမှာ "
သူ့စကားကိုကြားတော့ နွယ်ကရယ်သည်။
" ဒါပေမဲ့ နင်သူ့ကိုမချစ်ဘူးမလား "
ဒီမေးခွန်းကိုသူမဖြေနိုင်ခဲ့ဘူး။ ဖြူ့ကိုသူမချစ်ဘူးဆိုတာမှန်တယ် ၊ ဒါပေမဲ့ဖြူကသူလက်မလွှတ်နိုင်တဲ့သူတစ်ယောက်ပဲ။ ဖြူကသူ့ကိုချစ်တယ် ၊ သူ့အတွက်သားလေးကိုလည်းမွေးပေးခဲ့တယ် ၊ ဒီလိုမိန်းကလေးမျိုးကိုသူဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ဘူး ။
" တော်ပြီ နွယ် ၊ ငါပြန်တော့မယ် "
မင်းဘုန်းထိုင်ခုံကထလိုက်တဲ့အချိန် ခေါင်းကရုတ်တရက်မူးဝေသွားလေသည်။
မဖြစ်နိုင်တာ ၊ လက်ဖက်ရည်ထဲမှာနွယ်တစ်ခုခုထည့်ထားတာလား ၊ မဖြစ်ဘူး ဒီလိုဖြစ်လိုမဖြစ်ဘူး...
သူအိမ်ပြန်ရမယ် ၊ ဖြူနဲ့သားလေးဆီသူပြန်ရမယ် ။
သို့သော်သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီးတဲ့နောက်ဘုန်းခနဲလဲကျသွားခဲ့သည်။
----------------------------------------------------------
အဲ့နေ့ပြီးတဲ့နောက် မင်းဘုန်းကညဘက်ဆိုအိမ်ပြန်နောက်ကျတာ ၊ အာဏာနဲ့သူ့ကိုအချိန်မပေးတော့တာကို ဖြူသတိထားမိခဲ့သည်။ နွယ်ပြန်ရောက်နေတာလဲသူသိသည် ၊ အမျိုးတွေကြားထဲမှာရောသူငယ်ချင်းတွေကြားထဲမှာပါ နွယ်နဲ့မင်းဘုန်းအကြောင်းကကောလဟာလလိုပြန့်နေခဲ့သည်။ တစ်နေ့မှာ နွယ်ကသူ့ဆီဖုန်းဆက်လာပြီးတွေ့ဖို့ပြောသည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)