Unicode
" ဟိုကောင် သက်ပိုင်ရော မလာဘူးလား "
လွှမ်းက ဝယ်လာသည့်စားစရာများကို စားပွဲပေါ်ချလိုက်ကာ ဆိုဖာခုံတွင်ဝင်ထိုင်လိုက်ပြီးမှ..
" မလာတော့ဘူးတဲ့ဟေး သူ့မိန်းမနဲ့ Shopping ထွက်မလို့တဲ့ " ဟု ပြန်ဖြေလိုက်သည်။
" သြော် အေးပေါ့လေ မနေ့ကငါတို့ကိုကူညီထားတာဆိုတော့ "
" အဲ့ကောင်က မယက မယရ မယခ မယခကရ "
အာဏာ ရေသောက်ရင်းတောင် သီးချင်သွားသည်။ တစ်ခါတစ်ရံ လွှမ်းလရောင်ဆိုသည့် သကောင့်သားသည် လူနားမလည်တဲ့စကားတွေ ထထပြောတတ်သည်။
" ဘာတွေလဲကွာ မင်းဟာကလည်း "
" သူ့မိန်းမကိုချစ်ကြောက်ရိုသေတယ်လို့ပြောတာ "
အာဏာ တဟားဟားရယ်လိုက်ရင်း လွှမ်းဝယ်လာသည့် စားစရာအထုပ်တွေထဲက စားစရာတွေကိုထုတ်လိုက်သည်။ Korea ထမင်းလိပ်များထည့်ထားသည့် ပလတ်စတစ်ဘူးကို လွှမ်းထံကမ်းပေးလိုက်ရင်း..
" မရိုသေလို့လည်းမရဘူးလေ နှင်းယုသွေးကသူ့ကိုအရေခွံနွှာမှာပေါ့ "
သက်ပိုင်ဦးနဲ့နှင်းယုသွေးသည် ငယ်သူငယ်ချင်းတွေဖြစ်ပြီး မတည့်အတူနေအမြဲရန်ဖြစ်နေရာမှ ညားသွားကြတာဖြစ်သည်။ ညားသွားပြန်တော့လည်း သက်ပိုင်ဦးတစ်ယောက် လူများပြောင်းသွားသည်ဟု ထင်ရလောက်အောင် နှင်းယုသွေးကိုချစ်တာသည်းသည်းလှုပ် ၊ " နှင်း " ဆိုတာကို ပါးစပ်ဖျားကမချ ၊ တကယ်အမြင်ကတ်စရာကောင်းလှသည်။
" လွှမ်း မင်းလည်းတစ်နေ့အဲ့လိုဖြစ်လာမှာလား "
လွှမ်းသည် ထမင်းလိပ်ကိုစားနေရင်းမှ " မင်းပဲဖြစ်မှာ " ဟု ပလုပ်ပလောင်းအသံနှင့် ပြန်ပြောသည်။
" ဟားဟား ငါ့ကိုအဲ့လိုဖြစ်အောင်လုပ်နိုင်မဲ့ မိန်းကလေးဆိုတာ ရှိလာမှာ မဟုတ်ဘူး "
လွှမ်းသည် ဘာမှမပြောတော့ဘဲ ခေါင်းခါရင်း ထမင်းလိပ်ကိုသာ ဆက်စားနေလေသည်။
ဒါကသူတို့ရဲ့အောင်ပွဲခံခြင်းပါ ၊ အသေးစား အောင်ပွဲခံခြင်းလေးပေါ့ ။ မနေ့က အောင်အောင်မြင်မြင်နဲ့ ဦးသာဟန်ကိုအထိနာအောင်လုပ်လိုက်နိုင်သည်။ ယူလာတဲ့ပိုက်ဆံများကို မိဘမဲ့ဂေဟာများထံသို့ အမည်မဖော်ဘဲ လှူဒါန်းလိုက်သည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)