Unicode
[ ဒီအပိုင်းတွင် Side couple ဖြစ်သော မင်းခန့်နောင်နှင့်မိုးသစ်ရိပ်တို့နှစ်ယောက်ရဲ့ အခန်းများသာ ပါဝင်ပါသည်။ ]
ရှင်းခက အလုပ်ထွက်ခိုင်းပေမဲ့လည်း မင်းခန့်က အလုပ်ကိုမထွက်တဲ့အပြင် အလုပ်ပြီးလို့ ညနေပိုင်းအချိန်ပိုင်းလုပ်ရန်ပါ အလုပ်တစ်ခုထပ်ရှာနေသည်။ နောင်တဆိုတာ နောင်မှရတာတဲ့ ။ အဲ့နေ့က သူ ကိုကြီးကိုသာ အဲ့လိုမပြောခဲ့ရင် ကိုကြီးလည်းအိမ်ကထွက်သွားမှာမဟုတ် ။ အခုဆိုရင် သူသည် တစ်နေ့လုံးနေမှ မေမေနဲ့တောင် စကားနည်းနည်းပဲပြောဖြစ်တော့သည်။ ပန်းချီနဲ့ဆိုရင် စကားတောင် လုံးဝမပြောဖြစ်တော့ပေ ။
မင်းခန့် သက်ပြင်းချလိုက်ပြီး ဘားရှေ့ရောက်ပြီဖြစ်၍ ကားရပ်ခိုင်းလိုက်ကာ ကျသင့်ငွေပေးပြီးနောက် ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်။ နိုင်မင်းပြောသလောက်ဆို ဒီဘားသည် ဂေးဘားဖြစ်ပြီး လက်တလောမှာဝိတ်တာလုပ်ဖို့အတွက် လူလိုနေတယ်လို့ သိရသည်။
မင်းခန့် ဘားထဲဝင်လာတာနဲ့ သီချင်းသံတွေ ၊ ဆူညံသံတွေကို အပြည့်အသိပ်ကြားရသည်။ ကနေတဲ့လူတွေ ၊ ကိုယ့်ဘာကိုယ်ထိုင်သောက်နေတဲ့သူတွေ ၊ တစ်ချို့ကကျတော့ ကောင်လေးငယ်ငယ်လေးတွေနဲ့ ပျော်မြူးနေကြသည်။ မင်းခန့် မျက်စိရှက်လာတာကြောင့် အဲ့တာတွေကိုဆက်ကြည့်မနေတော့ဘဲ ဘေးမှဖြတ်သွားသည့် ဝိတ်တာကောင်လေးတစ်ယောက်ကို..
" ညီလေး.. မန်နေဂျာကိုတွေ့ချင်လို့.. သူဘယ်မှာလဲ အစ်ကို့ကိုပြောပြလို့ရမလား "
ဟု မေးလိုက်သည်။
" အာ.. မန်နေဂျာက ဟိုးဘက်မှာပါဗျ "
ဟုဆို၍ ကောင်လေးသည် အခန်းတစ်ခန်းကိုညွှန်ပြသည်။
မင်းခန့်လည်း ထိုကောင်လေးညွှန်ပြတဲ့အခန်းထဲဝင်လာလိုက်တော့ အသက်လေးဆယ်လောက်ရှိမည့် လူတစ်ယောက်သည် မှန်ဗီရိုထဲမှဝိုင်ပုလင်းများကို ထုတ်နေသည်။
" အို.. ဘယ်သူလည်းမသိဘူး "
" ကျွန်တော့်နာမည်က မင်းခန့်နောင်လို့ခေါ်ပါတယ်ခင်ဗျ ၊ ဝိတ်တာအလုပ်လျှောက်ချင်လို့ပါ "
" အာ.. အလုပ်ကလူပြည့်သွားပြီကွယ်.. ဦးလေး စိတ်မကောင်းပါဘူးနော် "
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)