Unicode
ဂျပန်ကဝင်လာတဲ့ ကားအသစ်တွေစာရင်းကိုစစ်နေရင်း ဖုန်းမှမက်ဆေ့ချ်ဝင်တဲ့အသံကြားလိုက်တာကြောင့် လွှမ်း ဖုန်းကိုလှမ်းကြည့်လိုက်သည်။ ဖုန်းမျက်နာပြင်လင်းလာသည်နှင့်အတူ ပေါ်လာတဲ့အကောင့်လေးက သူ့ရဲ့ချစ်ရပါသော ချီချီရဲ့အကောင့်လေး ။
လက်ထဲမှာကိုင်ထားတဲ့ စာရွက်အား ဝုန်းခနဲ ဆိုဖာပေါ်ပစ်လိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
ကိုယ့်ဘာကိုယ်အေးအေးဆေးဆေးထိုင်ကာ ဖုန်းသုံးနေတာကို ရုတ်တရက် ဖိုင်တွဲနဲ့ပစ်ပေါက်ခံလိုက်ရတာကြောင့် သက်ပိုင်တစ်ယောက်တော့ ဒေါသထွက်ကာ လွှမ်းအားထပြီးဆဲရေးတော့၏။
" x ီး ဖြစ်လို့ ငါ့ကိုစာရွက်နဲ့ပစ်တာလား "
" အသာနေစမ်းပါကွာ "
သူ့အား ရိုက်ရန်လာနေသော သက်ပိုင်အားလက်တစ်ဖက်ဖြင့်တားလိုက်ကာ ချီချီပို့ထားသော မက်ဆေ့ချ်အားဝင်ပို့လိုက်သည်။
သူ့ရဲ့နတ်သမီးလေးပို့ထားသည်က -
' ဦးလေးကြီး အလုပ်များနေလားဟင် ၊
ကြိုးစားထားနော် ဖိုက်တင်း '
ဟူ၍ ဖိုက်တင်း နောက်တွင် ကြောက်ရုပ် sticker လေးပါသည့် စာလေးကတစ်ကြောင်း ။
ပြီးတော့ ၊
' ကိုကြီးဝယ်လာပေးတဲ့ ဘီကုပ်လေးလှလား '
ဟုဆိုကာ ကြောင်နားရွက်ပါသည့်ဘီးကုပ်လေးကိုတပ်ထားကာ အပြာရောင်ကာတွန်းရုပ်အင်္ကျီဝတ်ထားတဲ့ ကောင်မလေးက သူ့ကိုအသည်းယားအောင်လုပ်ဖို့ တမင်များကြံစည်နေတာလား ။
ဘေးမှာ ဖုန်းကိုကြည့်ကာ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြုံးဖြီးနေသော ကောင်အား သက်ပိုင် စာရွက်လိပ်ဖြင့် နောက်စိကိုတီးပေးလိုက်တော့သည်။ သို့သော် ထိုကောင်သည်အပြုံးမပျက်ခဲ့ပါ ။
" ချစ်စရာလေးကွာ "
" ဘယ်သူလဲ ငါလား "
သူ့စကားကိုကြားတော့ လွှမ်းကပြုံးနေတာရပ်သွားပြီး သူ့အားကြည့်ကာ မျက်မှောင်ကြုံ့သည်။
" ပြောရဲတယ်နော် ဒီရုပ်ကြီးကများ ၊ မင်းကိုချစ်ဖို့ကောင်းတယ်လို့ထင်တာ မင်းမိန်းမနှင်းယုပဲရှိတယ် ၊ ဒါတောင် မင်းမိန်းမကအနီးမှုန်နေလို့ "
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)