အပိုင်း (၆၂) [ Uni + Zaw ]

5.1K 194 4
                                        

Unicode

ဒေါက်.. ဒေါက် .. ။

အပြင်ဘက်မှ တံခါးခေါက်သံကြောင့် အာဏာ ပြုံးလိုက်မိသည်။
ဒီကောင်လေး တကယ်သူ့စကားနားထောင်ကာ မြန်မြန်ပြန်လာသားပဲ ။

" ဝင်လာခဲ့လေ .. "

သူ့ရဲ့စကားသံအဆုံး တံခါးပွင့်လာသောအခါ အာဏာ မျက်နာထက်မှအပြုံးတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

" မင်းဘာလာလုပ်တာလဲ .. "

ခက်ထန်သော စကားသံသည် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သလို ။

" မတွေ့ရတာကြာတဲ့ သူငယ်ချင်းကိုပြန်တွေ့ရတာကို ဒီလိုမျိုး နှုတ်ဆက်ရသလား အာဏာရဲ့ .. "

ဟုဆိုကာ ထိုမိန်းကလေးက ခပ်ဟဟရယ်သည်။ ထိုမိန်းကလေးဟူသည်ကား အခြားမဟုတ် ။ လွန်ခဲ့သော ရှစ်နှစ်က သူ့ကိုထားခဲ့သော မိန်းကလေး ။
လှိုင်းသက်ထား ။

လှိုင်းသည် အာဏာ့ရုံးခန်းအား မျက်လုံးဖြင့်ဝေ့ဝဲကြည့်ပြီးနောက် ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။

" ရုံးခန်းလေးကကောင်းသားပဲ.. မင်းကိုချီးကျူးပါတယ် အာဏာ.. မင်းအများကြီးကြိုးစားခဲ့တာပဲ.. "

" အပိုတွေပြောမနေနဲ့ သက်ထား .. ငါမင်းကို မကြိုဆိုဘူးဆိုတာကို မင်းသိမှာပါ "

" ဘာလို့ကိုယ့်ကိုအဲ့လိုစကားရင့်ရင့်တွေ ပြောနေရတာလဲ.. ကိုယ့်မှာ မင်းကိုတွေ့ချင်လို့ လေဆိပ်ကနေ ချက်ချင်းလာခဲ့ရတာကို.. "

" ဟုတ်လား.. ငါကတော့ မင်းကိုမတွေ့ချင်ဘူး.. အဲ့တာကြောင့်မို့လို့ အခု မင်းထွက်သွားပေးလို့ရမလား "

လှိုင်းသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဝေ့ဝဲတက်လာသော မျက်ရည်ကြည်တို့အား လက်ခုံဖြင့်ဖိသုတ်လိုက်သည်။

" မင်းကိုယ့်ကိုမုန်းနေတယ်ဆိုတာကို နားလည်ပါတယ်.. ဒါပေမဲ့ အဲ့တုန်းက ကိုယ့်မှာရွေးချယ်စရာမရှိခဲ့လို့ပါ.. ကိုယ် မင်းအနားကထွက်မသွားချင်ခဲ့ပါဘူး .. ကိုယ်က "

" တော်လိုက်တော့ သက်ထား.. ငါမသိချင်ဘူး .. မဟုတ်ဘူး ငါမသိချင်တော့ဘူး.. ငါမင်းကိုမေ့လိုက်တာကြာပြီ.. လှိုင်းသက်ထားဆိုတဲ့ မိန်းကလေးကို ငါ့မှတ်ဥာဏ်ထဲကဖျောက်လိုက်တာကြာခဲ့ပြီ.. "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now