အပိုင်း (၃၀) [ Uni + Zaw ]

8.2K 339 57
                                        

Unicode

မနက်စောစောဖြစ်၍ ဘုရားတွင် လူရှင်းနေသည်။ ရွှေတိဂုံဘုရားကြီးသည် သပ္ပါယ်လှသည်။

ပထမဦးစွာ ဘုရားရင်ပြင်တော်ပေါ်သို့ရောက်သောအခါ ရွှေတိဂုံဘုရားကြီးကို ဦးခိုက်ကန်တော့သည်။ ပြီးတော့ သက်ဆိုင်ရာနေ့နံထောင့်တွေမှာ ရေသပ္ပါယ်သည်။ အာဏာက ဗုဒ္ဓဟူး ၊ ရှင်းခကတော့ စနေ ။

ပြီးနောက် သူတို့ ဘုရားစောင်းတန်းဘက်သို့ လျှောက်လာကြသည်။ ဘုရားစောင်းတန်းတွင် ဇီးကွက်ရုပ်လေးနှစ်ခုတောင် ရှင်းခဝယ်ခဲ့သေးသည်။

ကားပေါ်ရောက်သောအခါ ဝယ်လာသော ဇီးကွက်ရုပ်လေးနှစ်ခုအား ကားနောက်ကြည့်မှန်တွင် ချိတ်လိုက်သည်။

" မင်းအတွက်ဝယ်လာတာမဟုတ်ဘူးလား ရှင်းခနောင် "

" မဟုတ်ပါဘူးဗျ .. စီအီးအိုအတွက် မွေးနေ့လက်ဆောင်ပါဗျ "

မထင်မှတ်ထားတဲ့စကားကြောင့် အာဏာ ခနအံ့သြသွားသည်။ ဘုရားစောင်းတန်းမှာကတည်းက ဒီကောင်လေး ဇီးကွက်ရုပ်နှစ်ခုဝယ်တာ ဘယ်သူ့အတွက်များလဲလို့ တွေးနေမိတာ ။ အခု သူ့အတွက်ဆိုတော့လည်း ဘာရယ်မဟုတ် ၊ ပြုံးမိသွား၏။

" မင်းကတကယ်ထူးဆန်းတာပဲ .. ဘယ်သူက မွေးနေ့လက်ဆောင်ကို အဲ့လိုမျိုးပေးလို့လဲ "

" စီအီးအို မကြိုက်ဘူးလားဗျ "

" ငါပြောတဲ့ထဲမှာ မကြိုက်ဘူးဆိုတဲ့ စကားပါလို့လား "

" စီအီးအိုပဲ ထူးဆန်းတယ်ဆို "

" အင်း .. မင်းက တကယ်ထူးဆန်းတယ် .. ဒါပေမဲ့ ဘာလို့လည်းမသိဘူး ငါသဘောကျတယ် "

" ဗျာ.. "

ရှင်းခသည် အာဏာပြောတဲ့စကားအား နားမလည်သဖြင့် ပြူးကြောင်ကြောင်လေးဖြစ်နေပြီး..

" စီအီးအိုက ကျွန်တော့်ကိုသဘောကျတာလားဗျ "

ဟု ထပ်မေးလိုက်သည်။

အဲ့တော့မှ အာဏာ့ရဲ့မျက်နာသည် ခရမ်းချဥ်သီးလို နီရဲသွားကာ တစ်ဖက်ကို အမြန်မျက်နာလွှဲလိုက်၏။

" မင်းဘာတွေမေးနေတာလဲ ရှင်းခနောင် .. "

" စီအီးအိုပဲ ထူးဆန်းတာကို သဘောကျတယ်ဆို .. ကျွန်တော်က ထူးဆန်းတယ်ဆိုတော့ ကျွန်တော့်ကိုသဘောကျတာလားလို့ "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя