Unicode
" ဖေဖေ ဒီဦးလေးကဘယ်သူလဲ "
ဦးခန့်နောင်တို့ တက္ကသိုလ်ကျောင်းသားဘဝက သူငယ်ချင်းတွေစုရိုက်ထားတဲ့ပုံကိုကြည့်ပြီး ဘယ်ဘက်ထောင့်ဆုံးကကောင်လေးကိုလက်ညှိုးထိုးကာ သူမေးလိုက်သည်။
ကျန်တဲ့သူတွေက ဦးခန့်နောင်ပြောပြဖူး၍သူသိပေမဲ့ ဒီဦးလေးရဲ့အကြောင်းကိုတော့ ဦးခန့်နောင်ကတစ်ခါမှမပြောပြဖူးပေ ။
" အဲ့တာက အဖေတို့အဖွဲ့ထဲမှာအချောဆုံးနဲ့ချစ်ဖို့အကောင်းဆုံးကောင်လေးပေါ့ "
ဖေဖေကပြုံးကာပြောသည်။ ဦးခန့်နောင်ရဲ့မျက်ဝန်းတို့က လက်ခနဲဖြစ်သွားသလိုထင်လိုက်ရသော်လည်း ချက်ချင်းပင်ညှိုးမှိုင်းသွားပြန်သည်။ ဓာတ်ပုံကိုကိုင်ထားသောလက်တို့မှာအနည်းငယ်တုန်ယင်နေသယောင်ရှိသည်။
" ဖေဖေ သူ့အပေါ်အမှားလုပ်ခဲ့တယ် ၊ တစ်ဘဝလုံးနောင်တတွေကိုပိုက်ပြီးနေသွားရမဲ့အမှားမျိုး "
---------------------------------------------------------
" ရှင်းခ "
အာဏာ့ရဲ့ခေါ်သံကိုကြားမှ ရှင်းခအတွေးတို့သည်ပစ္စုပ္ပန်ကိုပြန်၍ရောက်လာတော့သည်။ ခွက်ထဲကိုလိမ္မော်ရည်လောင်းထည့်နေတာ အပြင်သို့ပင်လျှံကျနေပြီဖြစ်သည်။
အာဏာ စားပွဲပေါ်သို့ကျသွားသော လိမ္မော်ရည်တို့ကိုတစ်ချက်ကြည့်လိုက်သည်။
" ရှင်းခ မင်းဘာဖြစ်နေတာလဲ "
" ကျွန်တော် နည်းနည်းအတွေးလွန်သွားလို့ပါ ၊ အခုအကုန်ပြန်သုတ်လိုက်ပါ့မယ် "
အာဏာဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်ကာ ထိုင်ခုံတွင်သွားထိုင်လိုက်သည်။ အရင်နေ့တွေကတည်းက ရှင်းခရဲ့အပြုအမူတွေထူးဆန်းနေတာသူသတိထားမိသည်။ တစ်အိမ်တည်းအတူတူနေနေသော်လည်း ရှင်းခနဲ့ပိုပိုပြီးအလှမ်းဝေးလာသလိုခံစားရသည်။ ရှင်းခသူ့ကိုတစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ သူသေချာသိနေသည်။
ရှင်းခက လိမ္မော်ရည်ခွက်နှစ်ခုကိုယူလာကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူလုပ်ထားသော ကွတ်ကီးလေးများကို ပန်းကန်ပြားထဲတွင်သေချာအစီအရီထည့်လိုက်ပြီးနောက် စားပွဲပေါ်တွင်ချလိုက်လေသည်။ အာဏာ ရှင်းခရဲ့အပြုအမူတိုင်းကိုလိုက်၍ကြည့်နေမိသည်။ ပုံမှန်လိုတက်တက်ကြွကြွမရှိတော့သောကောင်လေးသည် သေချာပေါက်ကိစ္စတစ်ခုခုရှိနေပုံရသည်။
BẠN ĐANG ĐỌC
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)