(S2) အပိုင်း (၄) [ Uni + Zaw ]

1K 20 3
                                        

သီချင်းလေးနားထောင်ရင်း ဖတ်ကြနော် ဒါဒါလေးတို့ 🖤

Unicode

coffee ဆိုင်ကနေ ပြန်ထွက်လာတော့ ညနေခြောက်နာရီပင်ထိုးခါနီးနေလေပြီ။ မလှမ်းမကမ်းကနေ သီချင်းသံသဲ့သဲ့ကိုကြားနေရသည်။

" ပွဲဈေးရှိတာပဲ "

ရှင်းခအပြောကြောင့် အာဏာလှမ်းကြည့်လိုက်မိသည်။ ဆိုင်လေးများစီတန်းကာ မီးထိန်ထိန်လင်းနေသော ပွဲဈေးတန်းကြီးကိုတွေ့လိုက်ရသည်။ မိုးသိပ်မချုပ်သေး၍ လူကတော့ရှင်းနေသေးသည်။

" သွားချင်လား "

ကောင်လေးက သူ့အားတစ်ချက်လှည့်ကြည့်လာပြီးနောက် ခေါင်းညိတ်သည်။

" စီအီးအို အဆင်ပြေမှပါ "

" ဘာကိုစီအီးအိုလဲ ကျစ်!! "

သူမျက်နှာကြီးမှုန်ကုတ်ကာ ထိုသို့စုတ်သပ်လိုက်တော့ ရှင်းခကသဘောတကျရယ်သည်။

" ဒီနားမှာ လူတွေရှိနေလို့ပါ "

" ဘာဖြစ်လဲ လူတွေရှိတော့ "

" ဘာမှမဖြစ်ပါဘူး သွားရအောင်လေ ၊ စီအီးအိုရဲ့ကား ဒီမှာပဲရပ်ထားခဲ့လို့ရတယ်မလား ၊ ရလောက်မှာပါ "

သူပဲမေးသူပဲဖြေပြီး စကားလမ်းကြောင်းလွှဲကာ ရှေ့ကထွက်သွားသောကောင်လေးကြောင့် အာဏာသက်ပြင်းသာချလိုက်မိသည်။

သူသိတာပေါ့ ။ သူတို့နှစ်ယောက်တွဲနေတာကို ကုမ္ပဏီကတစ်ယောက်ယောက်သိသွားမှာ ရှင်းခစိုးရိမ်နေတယ်ဆိုတာ ။ စီအီးအိုမင်းအာဏာမောင်ဆိုတဲ့သူက ယောင်္ကျားလေးတစ်ယောက်နဲ့တွဲနေတာကို အခြားသူတွေသိသွားမှာ စိုးရိမ်နေတယ်ဆိုတာ ။

နောက်မှဒီကောင်လေးကိုသေချာရှင်းပြရတော့မည်။
သူဆိုတဲ့မင်းအာဏာမောင်က နာမည်တွေ၊ဂုဏ်သတင်းတွေထက် ရှင်းခနောင်ဆိုတဲ့ကောင်လေးကိုပို၍ဂရုစိုက်ကြောင်းကိုပေါ့ ။

--------------------------------------------------------

ပွဲဈေးတန်းသည် ဆိုင်အတော်လေးစုံသည်ဟုဆိုရမည်။ အကြော်ဆိုင်၊ အကင်ဆိုင် ၊ ကောက်ညှင်းခြေထောက်ရောင်းသည့်ဆိုင် ၊ အရုပ်ဆိုင် စသဖြင့် စုံစုံလင်လင်ရှိနေ၏။ သူတို့ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ကာ မုန့်ဝယ်စားဖြစ်ကြသည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now