အပိုင်း (၂၂) [ Uni + Zaw ]

8.3K 373 19
                                        

Unicode

အင်္ကျီများဝယ်ပြီးတဲ့နောက် ပိုင်ဦးသွေးအတွက် လက်ဆောင်ဝယ်ရန် အရုပ်ဆိုင်သို့ထွက်လာခဲ့လိုက်သည်။ အရုပ်မျိုးစုံကိုကြည့်ရင်းကြည့်ရင်း အာဏာ ဘာဝယ်ရမလဲမသိ၍ ခေါင်းခြောက်လာသည်။

" ကလေးတွေကဘာကြိုက်လောက်လဲ မင်းသိလား ရှင်းခနောင် "

" ကျွန်တော်လည်း သိပ်မသိဘူး "

" အဲ့တာဆို မင်းဘာကြိုက်လဲ "

" ဗျာ.. ကျွန်တော်က ကလေးမှမဟုတ်တာဗျ "

အာဏာသည် ရှင်းခကိုမကြည့် ၊ ရှေ့မှ စက်ရုပ်ပုံအရုပ်လေးကိုသာကြည့်နေရင်း..
" ငါ့မျက်လုံးထဲမှာတော့ မင်းကကလေးပဲ " ဟု လှမ်းပြောလိုက်သည်။

ရှင်းခ ရင်ထဲတစ်မျိုးကြီးဖြစ်သွားပြီး ဘာပြောရမှန်းလဲမသိတော့တာကြောင့် ရှေ့မှာရှိသည့် တွေ့မိတွေ့ရာ ကားစက်ရုပ်ဘူးလေးကို လှမ်းယူလိုက်ကာ..

" ဒါလေးဆိုရင်ရော စီအီးအို.. ပုံမှာပြထားတာကတော့ စက်ရုပ်လည်းလုပ်လို့ရတယ် ကားလည်းလုပ်လို့ရတယ်တဲ့ "

အာဏာသည် ရှင်းခလက်ထဲမှ အရုပ်ဘူးကိုယူကာ ကြည့်လိုက်၏။

" အင်း.. မဆိုးဘူးပဲ.. ဒါပဲယူလိုက်မယ် "

အာဏာ ကောင်တာတွင် ငွေရှင်းနေတုန်း ရှင်းခ ဆိုင်ထဲစစဝင်ကတည်းက သူ့အမြင်ကိုဆွဲဆောင်ထားတဲ့ သော့ချိတ်များရှိရာသို့ လျှောက်သွားလိုက်သည်။ ကာတွန်းရုပ်ပုံလေးများနှင့် သော့ချိတ်လေးတွေသည် အတော်ပင်ချစ်စရာကောင်းသည်။

ရှင်းခ ပန်းချီ့အတွက်တစ်ခုလောက်ဝယ်မယ်ဟု စဥ်းစားမိ၍ ယုန်ပုံလေးပါသော သော့ချိတ်လေးကို ဖြုတ်ယူလိုက်ပြီးမှ ထိုသော့ချိတ်နောက်တွင်ရှိသော Angry Bird အနီရောင်လေးကို မြင်လိုက်၍ တစ်စုံတစ်ယောက်ကိုသတိရသွားကာ အဲ့တာလေးကိုပါ ဖြုတ်ယူလိုက်တော့၏။

----------------------------------------------------------

" သော့ချိတ်က ဘယ်သူ့အတွက်လဲ "

အာဏာ့စကားကြောင့် ရှင်းခ စတော်ဘယ်ရီဖျော်ရည်ကို သောက်နေရင်းမှ ခေါင်းမော့ကြည့်လာသည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Onde histórias criam vida. Descubra agora