Unicode
အာဏာ အစည်းအဝေးပြီးချိန်တွင် အပြင်ထွက်လာတော့ ရှင်းခကိုမတွေ့၍ အတွင်းရေးမှူးကို မေးကြည့်လိုက်တော့ အောက်ထပ်ဆင်းသွားသည်ဟုဆိုလို့ သူလည်း ဓာတ်လှေကားနဲ့ ဆင်းလာခဲ့လိုက်သည်။
ရှင်းခ သူ့အတွက် ကော်ဖီသွားဝယ်ပေးတာပဲလို့ တွေးရင်း ပြုံးနေတုန်းရှိသေး ၊ cafe ရှေ့တွင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြုံးနေသောမျက်နာမှာ ချက်ချင်းတည်သွား၏။
နန်းမေဆိုတဲ့ကောင်မလေးနဲ့ စကားပြောနေသော ရှင်းခရဲ့မျက်နာမှာ ပြုံးရယ်နေသည်။
* ဒီကောင်လေးဘာလို့ အခြားသူတစ်ယောက်ကို လွယ်လွယ်နဲ့ပြုံးပြရတာလဲ.. သူ့အပြုံးတွေက ဘယ်လောက်ထိ .. ဘယ်လောက်ထိ တစ်ဖက်သားကို ဆွဲဆောင်နိုင်လဲဆိုတာ မသိတာလား *
* နှစ်ယောက်သား စကားပြောနေကြတာကိုက ဘေးပတ်ဝန်းကျင်ကိုတောင် သတိမရတော့သလိုပဲ ဟွန်း *
အာဏာ တစ်ယောက်တည်း အတွေးပေါင်းစုံနဲ့ ဒေါသတွေထွက်နေတုန်း ရှင်းခသည် စကားပြောပြီး၍ ဓာတ်လှေကားနားသို့လျှောက်လာရင်းမှ အာဏာ့ကို တွေ့သွား၍ထင် ၊ အနားသို့ အမြန်ပြေးလာသည်။
" စီးအီးအိုအတွက် ကော်ဖီအေးဝယ်လာတယ်ဗျ "
" ဟုတ်လား.. ဒါပေမဲ့ ငါမသောက်ချင်ဘူး မင်းဘာမင်းသောက်လိုက်တော့ "
ဟုဆိုကာ ဓာတ်လှေကားတံခါးကိုနှိပ်လျက် ဓာတ်လှေကားထဲဝင်သွားသည်။ ရှင်းခ လိုက်ဝင်မလို့လုပ်တော့ အထဲမှ ' မဝင်နဲ့ ' ဟု လှမ်းပြောသည်။
ဓာတ်လှေကားတံခါး ပြန်ပိတ်သွားသည့်တိုင် ရှင်းခတစ်ယောက် ဘာလုပ်ရမလဲမသိဘဲ ကြောင်တောင်တောင်နှင့်ပင် ရပ်နေမိတော့သည်။
--------------------------------------------------------
လွှမ်း အိမ်ထဲဝင်လာတော့ သက်ပိုင်ဦးသည် ဆိုဖာခုံတွင် မိန့်မိန့်ကြီးထိုင်၍စာဖတ်နေလျက်ရှိသည်။
" ဟာ.. ဟေ့ကောင်.. မလာစဖူးပါလားဟ "
သက်ပိုင်သည်သူ့ကိုမြင်တော့ အားရဝမ်းသာဖြင့်ပြောရင်း " လာထိုင်လေ " ဟု လှမ်းခေါ်သည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)