အပိုင်း (၁၂) [ Uni + Zaw ]

9.5K 422 22
                                        

Unicode

" ဘယ်ပြောလို့ရမလဲ.. သူသိရင်လည်း သိနေနိုင်တာပဲလေ "

" မသိတော့ဘူးကွာ.. အဲ့တာတွေစဥ်းစားရင် ငါပိုပြီးခေါင်းကိုက်လာတယ်.. "

လွှမ်းသည် ငြီးတွားရင်း ရေဘူးကိုယူကာ ရေကိုမော့သောက်ပြန်သည်။

" ဒါနဲ့ မင်းဘော်ဒီဂတ်ရော ရေသွားဝယ်တာကြာလိုက်တာ.. "

" ရှောင်ပေးနေတာနေမှာပေါ့ "

လွှမ်း ထိုင်နေရာကနေမှ အာဏာ့ရဲ့လက်မောင်းကို တစ်ချက်လှမ်းထိုးလိုက်သည်။

" နာတယ်ဟ ခွေးကောင်ရဲ့ ! "

" ဒီမှာ ရှောင်ပေးနေတာဆိုလည်း အခုငါတို့ပြောပြီးပြီလေ အထဲပြန်ခေါ်လိုက်တော့.. ဧည့်သည်ကိုအပြင်မှာထားထားရတာမကောင်းပါဘူး.. ပြီးရင် ငါ့ကိုသူနဲ့မိတ်ဆက်ပေးအုံး "

" ဘာလို့မိတ်ဆက်ပေးရမှာလဲ.. မင်းကဘာလုပ်မလို့လဲ "

အာဏာ့ရဲ့ ကြောက်စရာကောင်းတဲ့လေသံကြောင့် လွှမ်း နည်းနည်းတောင် ကျောထဲစိမ့်သွားသလို ။

" ဘာမှမဟုတ်ပါဘူးဟ မင်းကလည်းအေးဆေးပေါ့ ဘာဖြစ်နေတာလဲ "

အာဏာသည် ဘာမှပြန်မဖြေတော့ဘဲ လွှမ်းကိုကျောခိုင်းကာ အခန်းအပြင်သို့ထွက်သွားလေ၏။

လွှမ်း သူပဲစိတ်ထင်နေတာလား ။ အာဏာ့ရဲ့ခြေသံက ပုံမှန်ထက်ပိုပြီး ပြင်းနေသလား ဟု တွေးနေမိသည်။

-----------------------------------------------------------

အာဏာ ဆေးရုံအောက်ဆုံးထပ်ရောက်တော့ တွေ့ပါပြီလေ ။ စားစရာများရောင်းသည့်နေရာတွင် ရေသန့်ဘူးဝယ်နေတဲ့ ရှင်းခ။
အာဏာ အနားကိုမသွားသေးဘဲ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေလိုက်သည်။

" လူနာတင်လှည်းလာနေတယ်! လူနာတင်လှည်းလာနေတယ်! "

ဟူသည့် အသံကိုကြား၍ အာဏာကြည့်လိုက်တော့ လူနာတင်လှည်းတစ်ခုသည် ရှင်းခတည့်တည့်သို့ဦးတည်နေသည်။ ဟုတ်လည်းဟုတ်သည်လေ ။ ရှင်းခ က အရေးပေါ်အခန်းဘက်သွားတဲ့ လမ်းရဲ့အလယ်တည့်တည့်ကြီးမှာရပ်နေတာကိုး ။

" ရှေ့ကဖယ်ပါ ! ရှေ့ကဖယ်ပါ ! "

ဒီလောက်အော်နေတဲ့အသံကိုတောင် ဂရုမစိုက်စွာ ရှင်းခသည် ကြောင်ပြီးရပ်ကြည့်နေသေးသည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя