(S2) အပိုင်း (၂) [ Uni + Zaw ]

3K 54 11
                                        

Unicode

ဆယ့်တစ်နာရီလောက်ရောက်တော့ ဒေါ်မေသက်ရှင်းက ဟင်းပွဲများအားလုံးပြင်ဆင်၍ပြီးသွားလေသည်။
ရှင်းခကြိုက်တဲ့ ကြက်ကုန်းဘောင်ဟင်းလေးနဲ့ ချဥ်ပေါင်ဟင်းချိုကိုချက်ထားသည်။ ငရုတ်သီးဆားထောင်းလေးလည်းပါသေး၏။ တို့စရာတွေကလည်းစုံလင်လှသည်။ အသီးအရွက်အနေနဲ့တော့ ဂေါ်ဖီကိုကြက်ဥများများနှင့်ကျော်ထားလေသည်။

" သား ဗိုက်ဆာပြီလား "

" မဆာသေးဘူး မေမေ "

" မေမေလည်း ဗိုက်မဆာသေးဘူး ၊ သားဆာရင်တော့တစ်ခါတည်းစားမလို့ ၊ ဒါပေမဲ့ သားမဆာသေးဘူးဆိုရင် မေမေ ကွတ်ကီးလေးတွေလုပ်လိုက်အုံးမယ် ၊ ထမင်းစားပြီးရင် စားလို့ရအောင် "

" ဟုတ်ကဲ့ပါဗျ "

ဒေါ်မေသက်ရှင်းက မီးဖိုချောင်ဘက်ကို သွားနေရင်းမှ တစ်ခုခုအား သတိရသွားပုံဖြင့် ပြန်လာကာ..

" မေ့လို့ ၊ သားငယ်အတွက် ထမင်းချိုင့်ထည့်ပေးရအုံးမယ် ၊ မနက်က သူထမင်းချိုင့်မယူသွားဘူးလေ ၊ အပြင်မှာ စားမယ်ပြောပေမဲ့ အပြင်က အစားအစာတွေကအဆင်ပြေမှာမဟုတ်ဘူး "

" ကျွန်တော် သွားပေးပေးရမလား မေမေ "

" အဲ့လိုလုပ်ပေးမလား "

ရှင်းခခေါင်းညိတ်လိုက်သည်။ ဒေါ်မေသက်ရှင်းသည် မီးဖိုချောင်သို့အမြန်သွားကာ ထမင်းချိုင့်အတွက်ပြင်ဆင်လေသည်။ သုံးဆင့်ချိုင့်တွင် ထမင်းတစ်ချိုင့်၊ ကြက်ကုန်းဘောင်အတွက် တစ်ချိုင့်နှင့် ချဥ်ပေါင်ဟင်းချိုအတွက် တစ်ချိုင့်ထည့်သည်။ ဆားထောင်းကိုတော့ ထမင်းပေါ်တွင်ပဲအသာလေးတင်ပေးလိုက်၏။

" သား ၊ ဒီမှာ "

ရှင်းခ ဒေါ်မေသက်ရှင်းဆီမှ ထမင်းချိုင့်အားလှမ်းယူလိုက်သည်။

" ဒါဆို သားသွားမယ်နော် မေမေ ၊ မင်းခန့်ကိုသေချာပေးလိုက်ပါ့မယ် "

" ဟုတ်ပါပြီ ၊ ဂရုစိုက်သွားအုံးနော် သား "

ရှင်းခ ဒေါ်မေသက်ရှင်းအား နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ အမှန်တော့ သူလည်းသူ့ညီအား သတိရကာတွေ့ချင်၍ဖြစ်သည်။ သူမင်းခန့်နဲ့မတွေ့ဖြစ်သည်မှာ တော်တော်ကြာခဲ့ပြီ။ ဟိုတစ်ခေါက်ကလည်း သူကကြိုအကြောင်းမကြားဘဲ အိမ်ကိုကြုံလို့ဝင်လာခဲ့တာဖြစ်၍ မင်းခန့်နဲ့မတွေ့ဖြစ်ပါ။ အခုတစ်ခေါက်တော့ ခနပဲဖြစ်ဖြစ်၊ တွေ့ချင်မိသည်။ နောက်မှပဲသူ့ညီနဲ့တစ်ရက်လောက်ချိန်းပြီးတွေ့ရမည်။ ပြောသာပြောသော်လည်း သူရော၊ မင်းခန့်ရောကအလုပ်ကိုယ်ဆီနှင့်ဖြစ်၍ မအားကြပါ။ ဖုန်းပြောဖြစ်တာသာရှိသည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя