အပိုင်း (၄) [ Uni + Zaw ]

11.1K 456 11
                                        

Unicode

ဒီနေ့မနက်ပဲအာဏာဆေးရုံကဆင်းလာခဲ့သည်။ အခုလည်း သူ့အိမ်တွင် ဒီညကိစ္စအတွက် အစီအစဥ်ချရန် လွှမ်းနဲ့သက်ပိုင်တို့လည်း အိမ်တွင်ရောက်နေကြ၏။

နှစ်ယောက်ထိုင်ဆိုဖာခုံနှစ်ခုကို မျက်နှာချင်းဆိုင်ချထားပြီး အရှေ့တွင်တော့ တစ်ယောက်ထိုင်ဆိုဖာခုံတစ်လုံးရှိသည်။ အာဏာသည် အနက်ရောင်ကြိုက်သူဖြစ်၍ ခန်းဆီးလိုက်ကာများကိုအနက်ရောင်သာသုံးသလို ဆိုဖာခုံများကိုလည်း အနက်ရောင်သာသုံးထားသည်။  အလယ်တွင် မှန်သားစားပွဲရှိ၏။ စားပွဲပေါ်က ကြွေပန်းအိုးထဲတွင် စက္ကူပန်းအဖြူရောင်လေးကိုထိုးထားသည်။

သက်ပိုင်သည် ရှေ့တွင်ချထားသည့် ဝိုင်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ရင်း..

" ငါ ဦးသာဟန်ရဲ့အိမ်ကိုအလုပ်ကိစ္စနဲ့ တစ်ခါရောက်ဖူးလို့ အိမ်အတွင်းပိုင်းကိုသေချာသိတယ် .. ဦးသာဟန်က သူ့အိမ်ထဲမှာတော့ အစောင့်တစ်ယောက်မှမထားထားဘူး ငါထင်တာတော့ အခြားလုံခြုံရေးစနစ်တွေရှိမယ်ထင်တယ် "

သက်ပိုင်ရဲ့စကားကို အာဏာသေချာအာရုံစိုက်နားထောင်နေလိုက်သည်။

" အပြင်မှာတော့ အစောင့်တွေအများကြီးရှိတယ်.. အယောက်နှစ်ဆယ်လောက်တောင်ရှိမယ်ထင်တယ်.. အဲ့လူတွေက သူ့ရဲ့ကြေးစားလူမိုက်တွေကြီးပဲ.. အဲ့လူတွေအားလုံးကိုကျော်ပြီးမှ မင်းတို့ ဦးသာဟန်အိမ်ထဲဝင်လို့ရမှာ "

သက်ပိုင်သည် ဝိုင်ခွက်ကိုပြန်ချလိုက်ပြီး ရှေ့တွင်ချထားသော ပန်းကန်ပြားထဲမှ ကွတ်ကီးတစ်ခုကိုယူ၍ တစ်ကိုက်ကိုက်လိုက်သည်။

" ဘာဖြစ်လဲ ငါတို့ရအောင်ဝင်မှာပေါ့ ဟုတ်တယ်မလား အာဏာ "

လွှမ်းသည် အာဏာ့ကိုကြည့်လျက် တက်တက်ကြွကြွပြောလိုက်သည်။

သက်ပိုင်သည် ကွတ်ကီးတစ်ခုလုံးကိုပြီးအောင်စား၍ ဝိုင်ကိုတစ်ကျိတ်တည်းမော့သောက်လိုက်ကာ လည်ချောင်းရှင်းပြီးနောက် ဆက်ပြောသည်။

" ဒါပေမဲ့ ကံကောင်းတာက ဦးသာဟန်အိမ်ရဲ့ ခြံရှေ့မှာတော့ အစောင့်တစ်ယောက်မှမရှိဘူး ၊ အထဲမှာပဲရှိတာ ဆိုတော့ကာ မင်းတို့သာ အဲ့ဒီအယောက်နှစ်ဆယ် မမြင်အောင်ရှောင်ရှားပြီး အိမ်ထဲဝင်နိုင်ရင် မင်းတို့လာမှန်းတောင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Onde histórias criam vida. Descubra agora