Unicode
မင်းခန့် သန့်စင်ခန်းခဏသွားပြီး ပြန်ထွက်လာချိန်တွင် အားလုံးက ယောက်ယှက်ခက်နေကြသည်။
သူဇာသည် အင်္ကျီများချိတ်ထားသော တန်းနောက်တွင်ကွယ်လျက်ရပ်နေသည်။
" သူဇာ .. ဘာဖြစ်လို့လဲ "
" မင်းခန့် နင်ရောက်လာတာနဲ့အတော်ပဲ.. ငါတော့ စိတ်ညစ်ပါတယ်ဟယ်.. နင့်သူငယ်ချင်းနဲ့ ဈေးဝယ်သူတစ်ယောက် ပြဿနာတက်နေတယ် "
မင်းခန့်လည်း လှမ်းကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ နိုင်မင်းသည် ခေါင်းကိုငုံ့လျက် အနူးအညွတ်တောင်းပန်နေသည်။ သူ့ရှေ့တွင်တော့ ပုပုသေးသေး ၊ ဖြူဖြူဖွေးဖွေးကောင်လေးတစ်ယောက် ။
" နိုင်မင်းက ငါကိုထွက်မလာနဲ့တဲ့ "
သူဇာရဲ့အသံသည် တုန်ယင်နေသည်။ နိုင်မင်းကလည်း ကြည့်ရတာ သူ့ကောင်မလေးကို ဝင်မပါစေချင်ပုံရသည်။
" ငါသွားလိုက်မယ်..သူဇာ.. စိတ်မပူနဲ့ "
မင်းခန့် သူဇာ့ကိုထားခဲ့လိုက်ကာ ပြဿနာဖြစ်နေတဲ့ နေရာသို့လျှောက်လာခဲ့လိုက်သည်။
အနီးကပ်လာမှ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရလာတာက ထိုကောင်လေးသည် ကလေးမျက်နာလေးဆိုတာကိုပင် ။ သူ့ထက်လည်း ငယ်ပုံရသည်။
" ဒီမှာ ညီလေး.. သူတောင်းပန်နေပြီပဲလေ.. ဘာလို့မကျေနပ်နိုင်ရတာလဲ "
သူထိုသို့ပြောလိုက်တော့ ကောင်လေးသည် တစ်ချက်ပြုံးပြီး သူ့အနားလျှောက်လာသည်။
" ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တော့ ကျေနပ်နိုင်မယ်ထင်တယ် "
" ညီလေး.. မင်းက အစ်ကိုတို့ထက်လည်း ငယ်ပုံရပါတယ်.. စိတ်ကိုလျော့ပါ "
မင်းခန့် တတ်နိုင်သလောက် စကားကိုချိုသာစွာပြောနေမိသည်။ နောက်မှ သူငယ်ချင်းဖြစ်သူ နိုင်မင်းရဲ့မျက်နာသည် လုံးဝကိုပျက်ယွင်းနေပြီ ။ ဘာကြောင့်ဆို ဘယ်သူက ကိုယ့်ကောင်မလေးရှေ့မှာ အခြားသူတစ်ယောက်ကို ဒူးထောက်တောင်းပန်နိုင်ပါ့မလဲ ။
" ကိုယ်လုပ်ထားတဲ့အပြစ်ကို တာဝန်ယူရမှာပဲလေ.. ဒါဆို သူ့အစားခင်ဗျားဒူးထောက်မလား.. အဲ့လိုဆိုလည်း ကျုပ်လက်ခံတယ်နော် "
YOU ARE READING
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)