Unicode
ခန့်နောင်ပိုပြီးစိတ်ပူလာတော့သည်။ သူ မင်းဘုန်းကိုဖုန်းတွေတောက်လျှောက်ခေါ်ခဲ့သော်လည်း မင်းဘုန်းကဖုန်းလည်းမကိုင်သလို ပြန်လည်းမဆက်ပါ ။ သူတို့သွားနေကျဘီယာဆိုင်က ပိုင်ရှင်အသိအစ်ကိုကိုလည်းဖုန်းဆက်မေးကြည့်တော့ဆိုင်ကိုရောက်မလာဘူးဟုပြောသည်။ ညီလင်းရဲ့ဖုန်းကိုဆက်တော့လည်း မကိုင်ပါ။ အချိန်ကတဖြည်းဖြည်းညဥ့်နက်လာပြီ ၊ အိမ်ကိုဧည့်သည်ရောက်နေလို့ ဝင်တွေ့ပြီးသူတစ်ယောက်တည်းနေတဲ့သီးသန့်လုံးချင်းတိုက်လေးကိုပြန်လာခဲ့တာ ၊ မင်းဘုန်းကအမြဲမူးလာရင်အဲ့ကိုလာအိပ်တတ်လို့ဖြစ်သည်။
" ဒီကောင်တွေဘယ်ရောက်နေတာလဲကွာ "
ခန့်နောင်ထိုသို့ရေရွတ်ပြီးသိပ်မကြာ ၊ တံခါးခေါက်သံကြားရသည်။ သူချက်ချင်းပဲတံခါးဖွင့်ကြည့်လိုက်တော့ ရှေ့တွင် မင်းဘုန်းမြတ်ကိုတွေ့၏။ မင်းဘုန်းကဆံပင်တွေရှုပ်ပွနေကာ မျက်နှာကလည်းသွေးများပေပွလျက်ရုပ်ပျက်ဆင်းပျက် ။ သူမင်းဘုန်းကိုအထဲသို့ဆွဲသွင်းလိုက်ကာ တံခါးကိုပိတ်လိုက်သည်။
" ရန်ဖြစ်လာတာလား "
ပါးကိုလက်ဖြင့်ဖွဖွအုပ်မိုးကာမေးလိုက်တဲ့အချိန် မင်းဘုန်းကရှိုက်ကြီးတငင်ငိုတော့၏။
" ညီ.. ညီလင်း "
" ညီလင်းဘာဖြစ်လဲ "
" ညီလင်းသေသွားပြီ "
ကြားလိုက်ရတဲ့စကားကနွေခေါင်ခေါင်တွင်မိုးကြိုးပစ်ချလိုက်သည့်အလား ၊ ခန့်နောင်တကိုယ်လုံးပူထူသွားတော့၏။
" ငါ.. ငါ.. သူ့ကိုမသတ်ဘူး ၊ ငါသူ့ကိုသတ်တာမဟုတ်ဘူး ငါ.. ငါကဒီတိုင်း "
ရှေ့တွင်သွေးရူးသွေးတန်းနှင့်ဂယောင်ခြောက်ခြားဖြစ်နေသော မင်းဘုန်းကိုကြည့်ကာ ခန့်နောင်ဘာလုပ်ရမလဲမသိတော့ပေ ။
" မင်းဘုန်း ငါ့ကိုကြည့် ၊ စိတ်ကိုအေးအေးထား ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြော "
" ငါ.. ငါ သတ်တာမဟုတ် "
" မင်းဘုန်းငါ့ကိုကြည့်လို့! "
ခန့်နောင် အော်ချလိုက်တော့မှ မင်းဘုန်းကငြိမ်သွားတော့သည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)