Unicode
[ A/N: ဤအပိုင်းတွင် Side Couples များ၏အခန်းများသာ ပါဝင်ပါသည်။ ]
ကလေးများအစုလိုက်အစုလိုက် လှေကားကနေပြေးဆင်းလာတာကိုမြင်လိုက်ရသောအခါ လွှမ်း ပျော်သွားလေသည်။ သူဒီနေရာမှာစောင့်နေတာ တစ်နာရီလောက်ရှိပြီ။ ကြည့်ရသည်မှာ ကျူရှင်ကအချိန်ပိုသင်ပုံရသည်။ ပုံမှန်လွှတ်သည့်အချိန်ကိုမလွှတ်ပေ။
အခုမှပဲ လွှမ်း ပျော်သွားတော့ကာ ၊ ပန်းချီ့ကိုတွေ့ရတော့မည်ဟူသော အသိက သူ့နှလုံးသားကိုလှုပ်ခတ်နိုင်သည်။
တွေ့ပါပြီလေ ၊ နောက်ဆုံးမှဆင်းလာတဲ့သူ့ရဲ့ချစ်ရသူလေး။
အပြာနုရောင်ဂါဝန်လေးကိုဝတ်ထားပြီး နောက်တွင်ဆံပင်ကိုခပ်မြင့်မြင့်စုစည်းထားတဲ့ ကောင်မလေးက ဒီနေ့မှာလဲ ချစ်ဖို့ကောင်းနေဆဲပါပဲ။ မျက်နာမှာမပြင်မဆင်ထားဘဲ ရိုးရိုးသနပ်ခါးလေးသာ လိမ်းထားသော်လည်း ပန်းချီ့ရဲ့မျက်နာလေးက ကြည်လင်ပြီးရှင်းသန့်နေသည်။ ဖိုင်တွဲလေးကိုလက်တွင်ပိုက်ထားကာ ဘေးကသူငယ်ချင်းကောင်မလေးကို စကားပြောနေလျက် ဖြည်းဖြည်းချင်းလှေကားမှဆင်းလာသည်။
သူ့ကိုမြင်သောအခါ ပန်းချီကပြုံးပြရင်း သူ့အနားသို့လျှောက်လာသည်။ ဘေးက သူငယ်ချင်းလေးကတော့ အလိုက်တသိရှောင်ပေးသွား၏။
" ဦးလေးကြီးကို ဒီရက်ပိုင်းမတွေ့ဘူးနော်.. "
ပန်းချီက လက်သည်းလေးများဖြင့် ဖိုင်တွဲအားအကြောင်းမဲ့ကုပ်ခြစ်နေရင်းမှ ခပ်တိုးတိုးပြောလိုက်သည်။ အမှန်အတိုင်းပြောရရင် နေ့တိုင်းလိုလို ဦးလေးကြီးကိုစောင့်နေမိတာ။ အမြဲတမ်းကျူရှင်ဆင်းတဲ့အချိန်ဆို သစ်ပင်နောက်မှာတွေ့ရတတ်တဲ့ ဦးလေးကြီးကို မတွေ့ရတော့ ရင်ထဲမှာတစ်မျိုးကြီးပဲ။ သို့ပေမဲ့လည်း ဒီစကားတွေကိုတော့ ပန်းချီထုတ်မပြောဖြစ်ခဲ့ပါ။
" ကိုယ် အလုပ်ကိစ္စကြောင့် ချောင်းသာသွားနေရတာလေ အဲ့တာကြောင့် .. "
" အာ.. ကိုကြီးတို့နဲ့အတူတူလား ကိုကြီးလည်း ချောင်းသာသွားရမယ်လို့ပြောတယ် "
လွှမ်းခေါင်းညိတ်လိုက်ရင်း..
" ဟုတ်တယ် ၊ ရှင်းခနဲ့အတူတူပဲ .. "
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)