အပိုင်း (၄၉) [ Uni + Zaw ]

6.9K 314 27
                                        

Unicode

" မင်းကောင်လေးမလာတာကြာပြီနော် "

ဟူသည့် နိုင်မင်း၏စကားအား သူမကြားချင်ယောင်သာဆောင်ထားလိုက်သည်။

တကယ်လည်း သူ မသိချင်ယောင်ဆောင်ထားသင့်သည်လေ။ ဒီကောင်လေးရဲ့အဆင့်အတန်းနဲ့ သူနဲ့က မိုးနဲ့မြေလိုကွာခြားနေတာကို သူ့အနေနဲ့ မိတ်ဆွေတောင်ဖြစ်ဖို့သင့်ပါရဲ့လား ။

ထိုကိစ္စများအား သူခေတ္တခဏမေ့ထားလိုက်ပြီး လုပ်စရာရှိသည့်အလုပ်များအပေါ်ကိုသာ အာရုံစိုက်ထားလိုက်သည်။

ညနေအလုပ်ဆင်းသောအခါ ပုံမှန်အတိုင်းပဲ ဘတ်စ်ကားနှင့်အိမ်သို့ပြန်လာခဲ့သည်။ ပြီးနောက် ထမင်းချိုင့်ထားပြီး ပန်းချီ့ကိုကျူရှင်သွားကြိုသည်။

ပုံမှန်လုပ်နေကျအရာများအားလုပ်ဆောင်နေပေမဲ့ သူ့စိတ်ကတော့ ပုံမှန်ဟုတ်မနေခဲ့ပေ ။

" သားငယ် ဘာဖြစ်လို့လဲ.. နေမကောင်းဘူးလား "

ဧည့်ခန်းမှမိသားစုဓာတ်ပုံအား အတန်ကြာအောင်ငေးကြည့်နေသည့်သူ့ကို မေမေက ကြက်သွန်ဖြူများကိုအခွံနွှာနေရင်းမှ စိတ်ပူဟန်ဖြင့် လှမ်းမေးသည်။

" ဘာမှမဖြစ်ပါဘူးဗျ "

ထိုသို့ပြန်ဖြေလိုက်သော်ငြား သူအကြည့်မလွှဲမိ ။

ဒီနေ့ထိုကောင်လေးပြောသည့်စကားသည် မှန်သလား၊ မှားသလားဆိုတာကို သိချင်စိတ်က သူ့ရင်ထဲတွင်တစ်စတစ်စကြီးထွားလို့လာသည်။

နောက်ဆုံး သူဒီတိုင်းမနေနိုင်တော့ပဲ နေရာမှထလိုက်ကာ မေမေ့အား..
' အပြင်ခဏသွားစရာရှိလို့ပါဗျ.. မေမေတို့ညစာစားနှင့်ပါနော် သားကိုမစောင့်ပါနဲ့ '
ဟုပြောကာ အိမ်မှထွက်လာခဲ့လိုက်သည်။

-----------------------------------------------------------

M.M ဆောက်လုပ်ရေးကုမ္ပဏီသို့ရောက်သောအခါ ညနေခြောက်နာရီပင်ထိုးခါနီးနေလေပြီ ။ ရုံးဆင်းပြီးပြီဖြစ်၍ ကုမ္ပဏီတံခါးလည်းပိတ်ထားပြီး ကားပါကင်တွင် တံမြတ်စည်းလှည်းနေသည့် သန့်ရှင်းရေးဝန်ထမ်းအချို့သာရှိသည်။

ဟိုဟိုသည်သည်လျှောက်ကြည့်နေတုန်းမှာပင် ကားပါကင်က ကားအဖြူရောင်လေးတစ်စီးနားတွင် မနက်တုန်းကတွေ့ခဲ့သည့် အတွင်းရေးမှူးဆိုသည့်ကောင်လေးအား တွေ့လိုက်ရသဖြင့် သူဝမ်းသာသွား၏။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Onde histórias criam vida. Descubra agora