Unicode
စားပွဲပေါ်တွင် အသီးအရွက်တွေ အသားတွေပါ ထည့်ပြုတ်ထားတဲ့ ဆန်ပြုတ်တစ်ပန်းကန်နှင့် ချဥ်စပ်ခေါက်ဆွဲပြုတ် တစ်ပန်းကန်က နေရာယူထားသည်။
အာဏာသည် ရုပ်တည်ကြီးဖြင့် ဆန်ပြုတ်ပန်းကန်ကိုကြည့်နေသည်။ လက်လေးနည်းနည်းထိသွားတာကို ရှင်းခက ဆန်ပြုတ်တောင်ချက်ပေးနေသည်တဲ့လား။ ဒီကမ္ဘာပေါ်မှာ သူအမုန်းဆုံးအစားအစာကဆန်ပြုတ်ပဲ ။ ဒါပေမဲ့လည်း ရှင်းခက ကြိုးစားပမ်းစားချက်ပေးထားတာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ ။
" စီအီးအို.. ကြိုက်ရဲ့လားတော့မသိဘူးဗျ.. ကြက်ပြုတ်ရည်လေးနဲ့လုပ်ထားတာပါ.. အားရှိတာပေါ့ "
လာပြန်ပြီ ။ ရှင်းခ သူ့ကိုပြုံးပြနေပြန်ပြီ။
' ဘာလို့ သူ့ရဲ့နိုင်ကွက်ကိုပဲ အသုံးချနေရတာလဲ ' ဟု အာဏာ တွေးလိုက်ရင်း ဆန်ပြုတ်ကိုခပ်ဖို့ညာလက်ကမြှောက်လို့အဆင်မပြေ ၊ ဘယ်လက်နဲ့ကျပြန်တော့လည်း သူကဘယ်သန်မဟုတ်တော့ အခတ်တွေ့နေသည်။
ရှင်းခသည် အာဏာအဆင်မပြေဖြစ်နေတာကိုတွေ့၍ ထိုင်ခုံကိုအာဏာ့အနားဆွဲလာကာ..
" ကျွန်တော် ကူညီပါ့မယ်ဗျ "
" ဘယ်လိုကူညီမလို့လဲ "
" ကျွန်တော်ဇွန်းကိုင်ဖို့ကူညီပေးမယ်လေ "
ဟုဆိုကာ ရှင်းခသည် အာဏာ့လက်ကိုကိုင်လျက် ဇွန်းကိုကိုင်ရန်ကူညီပေးသည် ။ အဲ့တော့မှပဲ လက်တွေပြောင်းပြန်တွေဖြစ် ၊ ရှုပ်ယှက်ခက်ပြီး ပိုတောင်ဆိုးလာသေးသည်။
" မင်းလုပ်မှပဲပိုဆိုးကုန်ပြီ.. ထားလိုက်တော့ "
ရှင်းခ မျက်နာသည် နည်းနည်းညှိုးသွားကာ ' စီးအီးအို မစားတော့ဘူးလား ' ဟု မေးသည်။
အာဏာ သိသည်။ ဒီကောင်လေး တမင်သက်သက်လုပ်နေတာ ။ မျက်နာညှိုးသွားရင် မနေနိုင်မှန်းသိလို့ တမင်လုပ်နေတာ ။
" ငါမစားတော့ဘူးလို့ ပြောမိလို့လား.. ငါ့ကိုခွံ့ကျွေး.. အဲ့တာအကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ် "
ရှင်းခသည် မထင်မှတ်ထားတဲ့အဖြေကြောင့် ခဏကြောင်နေပြီးမှ ' ဟုတ်ကဲ့ဗျ ' ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။
VOCÊ ESTÁ LENDO
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)