Unicode
"ဖုန်းထပ်မဆက်ပါနဲ့တော့ ၊ အိပ်နေတဲ့သူအတွက်အနှောက်အယှက်ဖြစ်တယ်"
ထိုသို့ပြောပြီးနောက် သူဖုန်းချပစ်လိုက်သည်။ ထို့နောက် ဖုန်းကိုစက်ပိတ်လိုက်ကာ မီးအိမ်ဘေးတွင်ထားထားလိုက်သည်။ အစ်ကိုကသူ့ရဲ့ကုတင်ပေါ်မှာအိပ်ပျော်နေဆဲ ၊ အစ်ကို့ရဲ့မျက်နှာကိုသူငေး၍ကြည့်နေမိသည်။ အစ်ကိုက ငယ်ငယ်တုန်းကသူသိခဲ့တဲ့ပုံစံအတိုင်းပဲ ၊ ဘာမှသိပ်မပြောင်းလဲသွားခဲ့ဘူး ။ မဖြူလွန်း ၊ မညိုလွန်းတဲ့အသားအရေ ။ ကော့စင်းနေတဲ့နှာတံလေးနဲ့ အနည်းငယ်ပန်းရောင်သမ်းတဲ့နှုတ်ခမ်းပါးလေး ။ အိပ်မောကျနေပုံများ တစ်ချက်လေးတောင်လူးလွန့်သွားခြင်းမရှိ ။ အိပ်ဆေးခပ်ခဲ့လို့တော်သေးသည်ဟု သူတွေးနေမိသည်။ မဟုတ်ရင်သူဒီလိုမျိုး အေးအေးဆေးဆေးကြည့်နေနိုင်မှာမဟုတ်ပါ ။
သူပြုံးလျက် ရှင်းခရဲ့နဖူးထက်တွင်ဝဲနေသောဆံနွယ်လေးများကိုဖယ်ဖို့လက်လှမ်းလိုက်စဥ် သူ့အတွေးထဲတွင် ပုံရိပ်တစ်ခုဝင်ရောက်လာသည်။
'စေ နိုးနေပြီလား ၊ ငါမင်းအတွက် မနက်စာပြင်ပေးမယ်'
အသံချိုချိုလေးမဟုတ်ဘဲ ခပ်သြောသြောအသံတစ်ခုကိုနားထဲမှာကြားယောင်လာသည်။ ဒီအသံကို သူသိပ်သိတာပေါ့။
'ဟန်ရှင်းသုဇော်'
သူတို့ Sex လုပ်ပြီးတိုင်း ဟန်ရှင်းကအမြဲနောက်ကျမှနိုးသည်။ အဲ့တာကြောင့် သူမနက်တိုင်း ဟန်ရှင်းဒီလိုအိပ်နေတာကိုငေးကြည့်နေကျ ။ ကြည့်လို့ကောင်းတယ်ရယ်လို့တော့မဟုတ်ပေမဲ့ ဘယ်လိုပြောရမလဲ ။
အင်း .. ကြည့်စရာမရှိလို့ကြည့်နေမိတယ်ပဲထားပါတော့ ။
ပြီးရင် ဟန်ရှင်းကနိုးလာပြီး သူ့အတွက်မနက်စာပြင်ပေးသည်။ ကုမ္ပဏီကိုလိုက်ပို့ပေးသည်။ ညနေကျပြန်လာကြိုသည်။ ညစာအတူတူစားကြသည်။ ညကျရင်ထပ်ပြီးသူ့ဆန္ဒကိုလိုက်လျောပေးသည်။
ဟာ ... ငါဘာတွေတွေးနေမိတာလဲ ။
ရှင်းခကိုထိရန်ပြင်နေသော သူ့လက်ကိုသူပြန်ရုတ်လိုက်ကာ မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိသည်။ ဆံပင်ကိုစိတ်ရှုပ်ထွေးစွာအပေါ်သို့လှန်တင်လိုက်ရင်း အဲ့လူအကြောင်းကိုထပ်ပြီးတွေးမိပြန်သည်။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)