အပိုင်း (၆၈) [ Uni + Zaw ]

4.2K 142 4
                                        

Unicode

လွန်ခဲ့သောနာရီအနည်းငယ်က ။

" အာဏာ! "

သူရှိနေတဲ့ဘားသို့ရုတ်တရက်ရောက်လာသော အာဏာကြောင့် လွှမ်းအံ့သြသွားရသည်။
ပထမတုန်းက ' မင်းဘယ်မှာလဲ ' ဆိုပြီး ဖုန်းဆက်မေးတာ ၊ အခုလိုမြန်မြန်ရောက်လာလိမ့်မည်ဟု လွှမ်းထင်မထားခဲ့ ။

အာဏာ လွှမ်းဘေးတွင်ဝင်ထိုင်လိုက်သည်။
VIP အခန်းဖြစ်၍ အေးဆေးသက်တောင့်သက်သာအနားယူလို့ရသည်။

" ဟေ့ကောင် ဘာဖြစ်လာတာလဲ "

လွှမ်းက ဖန်ခွက်ထဲဝိုင်ကိုငဲ့ထည့်ပေးရင်းဖြင့် မေးလိုက်သည်။
အာဏာကပြန်မဖြေဘဲ လွှမ်းထည့်ပေးပြီးသောအခါ ဝိုင်ခွက်ကိုယူ၍ တစ်ကျိတ်တည်းမော့သောက်လိုက်၏။ ပြီးနောက် ဝိုင်ပုလင်းကို သူ့ဘာသူယူကာ ထပ်ထည့်ပြီး ထပ်သောက်သည်။
လွှမ်းသည် ရှေ့မှအာဏာအား တအံ့တသြကြည့်နေမိ၏။ သူရိပ်မိပါသည်၊ သူ့သူငယ်ချင်းမင်းအာဏာမောင်ကြီးကိုဒီလိုဖြစ်အောင်လုပ်နိုင်တဲ့သူဟာ တစ်လောကလုံးတွင်တစ်ယောက်သာရှိသည် ။

" မင်း ရှင်းခနဲ့ ရန်ဖြစ်လာလို့လား "

ဝိုင်ထည့်နေသော အာဏာရဲ့လက်တို့မှာ ရပ်တန့်သွား၏။ သူဝိုင်ပုလင်းကိုစားပွဲပေါ်ပြန်ချလိုက်သည်။

" ရှင်းခကလေ ငါ့အချစ်ကိုအထင်သေးနေသလိုပဲ .. "

အသံဟာ တိုးလျော့အက်ကွဲနေသည်။ မှိုင်းညှို့ရီဝေနေသော မျက်ဝန်းတို့ဟာ ဝမ်းနည်းနေသည့်အရိပ်အယောင်များ အထင်းသား ။

" မဟုတ်လောက်ပါဘူးဟာ မင်းကလည်း "

" ငါသူ့ကိုအရမ်းချစ်တာကွ ငါတကယ်ရှင်းခကိုအရမ်းချစ်တာ ၊ သူမှမဟုတ်ရင်မဖြစ်တော့တဲ့အထိ ငါသူ့ကိုချစ်တာ ၊ ဒါပေမဲ့ သူက..သူကအမြဲတမ်း ငါ့ကိုအဝေးကိုတွန်းပို့နေတယ် .. "

အာဏာမှာ ပြောရင်းဖြင့် မျက်ရည်များဝဲလာသည်ကို လွှမ်းသတိထားမိလိုက်သည်။ သူသိတဲ့မင်းအာဏာမောင်သည် ယခုလိုမျက်ရည်လွယ်သည့်သူမဟုတ်ပါ ၊ စိတ်မာပြီး ကြံ့ခိုင်တဲ့သူ ။ အခုဘာလဲ ၊ ရှင်းခအတွက်ကြောင့်နဲ့ ဒီကောင်မျက်ရည်ကျနေတာလား ။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя