အပိုင်း (၅၈) [ Uni + Zaw ]

5.8K 243 27
                                        

Unicode

ရက်အနည်းငယ် ကြာသောအခါ ။

အာဏာ ပိုပြီးတော့ အလုပ်ပိလာသည်။
ကုမ္ပဏီနှစ်ခုကို အုပ်ချုပ်နေရတာဟာ တကယ်ပင် မလွယ်လှပါ ။ ဦးမင်းဘုန်းမြတ်က ဆေးရုံကဆင်းလာပြီဖြစ်ပေမဲ့လည်း အိပ်ယာပေါ်တွင်လဲနေဆဲဖြစ်သည်။ ဆရာဝန်ကလည်း အိမ်တွင်ပဲနားနားနေနေ နေရန် မှာထားခြင်းကြောင့် ကုမ္ပဏီအလုပ်မှန်သမျှသည် အာဏာ့ ခေါင်းပေါ်သာကျလာလေ၏။

EYES ကလည်း မကြာခင် ဂိမ်းအသစ်ထွက်တော့မည် ။ M.M ဆောက်လုပ်ရေးကုမ္ပဏီကလည်း ချောင်းသာကမ်းခြေတွင် အသစ်ဆောက်လုပ်ထားသည့် ဟိုတယ်ကြီးသည် မကြာခင် ဖဲကြိုးဖျက်ဖွင့်လှစ်ရတော့မည် ။
အင်မတန်ပင် အလုပ်များ၏။

သို့သော် ဘယ်လောက်ပဲအလုပ်များသည်ဖြစ်စေ ချစ်ရသူကို လွမ်းသောစိတ်ကတော့ တစ်စက္ကန့်လေးတောင် ပျောက်ပျက်မသွားခဲ့ ။

အာဏာ စာရင်းစာရွက်များကို စားပွဲပေါ်ချထားလိုက်ကာ ဖုန်းကိုထုတ်လိုက်ပြီး
' Baby Bodyguard ' ဟုမှတ်ထားသော ဖုန်းနံပါတ်လေးကို နှိပ်လိုက်၏။

မကြာပါ ၊ တစ်ဖက်မှ အသံသြသြလေးကိုကြားရသည်။

" Hello စီအီးအို .. "

" အသံလေးကြားလိုက်ရတာ အမောပြေသွားတာပဲ အချစ်ရယ် .. "

" ဟာဗျာ .. စီအီးအို ဘာတွေပြောနေတာလဲဗျ .. "

အခုချိန်တွင် ထိုကောင်လေး၏မျက်နာသည် ခရမ်းချဥ်သီးလို နီရဲနေမှာ အသေအချာပင် ။

" ဘာပြောရမှာလဲ .. အချစ်ကို ချစ်တဲ့အကြောင်းတွေပြောမှာပေါ့ "

" ဟာ.. တော်ပါတော့ဗျ.. စီအီးအို အဲ့လိုပြောရင် ကျွန်တော်ကြားရတာတစ်မျိုးကြီးပဲ.. "

" ကိုယ်အစကတည်းကပြောထားပြီးသားနော်.. အသားကျအောင်လုပ်ထားပါလို့.. ကိုယ်ကနောက်ဆို ဒီထပ်ပိုဆိုးလာမှာ.. "

တဖက်မှ ရှင်းခရဲ့ရယ်သံလွင်လွင်လေးကိုကြားရသည့်အခါ ၊ သူပါလိုက်၍ပြုံးမိ၏။

" စီအီးအို အလုပ်တွေအရမ်းများနေတာလားဗျ .. "

" များတာပေါ့ "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя