(S2) အပိုင်း (၆) [ Uni + Zaw ]

854 16 1
                                        

Unicode

" ကျွန်တော့်ကိုခေါ်တာ ဘာပြောစရာရှိလို့လဲ ဦးသာဟန် "

ဘာမှလည်းရှည်ရှည်ဝေးဝေးပြောမနေချင်တော့တာကြောင့် ရှင်းခ တည့်တည့်ပဲမေးလိုက်တော့သည်။
အစကသူထွက်မလာတော့ဘူးနေခဲ့ပြီးမှ တစ်ခုခုကိုစိတ်ထင့်နေ၍ အာဏာ့အားအိမ်ကိုခနသွားမယ်ဟုအကြောင်းပြကာထွက်လာခဲ့ခြင်းဖြစ်သည်။

ဦးသာဟန်က ခွက်ထဲသို့ဝိုင်ကိုငှဲ့ပေးကာ သူ့ဘက်ကိုတိုးပေးသည် ။

" အေးဆေးပေါ့ကွာ ၊ သောက်ပါအုံး "

" ကျွန်တော့်မှာအချိန်မရှိဘူး ၊ ဦးလေးပြောစရာရှိတာကိုသာပြောပါ ပြီးရင်ကျွန်တော်ပြန်မယ် "

" ကောင်းပြီ ၊ အဲ့တာဆိုလည်း လိုရင်းကိုပြောတာပေါ့ "

ဦးသာဟန်ကပြုံးသည်။

" မင်းအာဏာမောင် ငါ့ဆီကနေပစ္စည်းတစ်ခုခိုးသွားတယ် ၊ အဲ့တာကိုပြန်ယူလာပေး "

" ကျွန်တော်ကဘာလို့လဲ "

" ဘာလို့လဲဆိုတော့ မင်းကမင်းအာဏာမောင်ရဲ့ချစ်သူမို့လို့လေ ၊ သူကမင်းကိုအရမ်းယုံတာမလား "

" ကျွန်တော်က စီအီးအိုကိုသစ္စာဖောက်မှာမဟုတ်ဘူး ၊ ဦးလေးပြောလို့ပြီးပြီဆိုရင် ကျွန်တော်ပြန်တော့မယ် "

ရှင်းခပြန်ရန်ထိုင်ခုံမှထလိုက်သည်။

" ဒီလိုအချိန်မှာသစ္စာတရားဆိုတာကိုထည့်တွက်နေဖို့ မလိုဘူး ၊ ကောင်လေးရဲ့ "

ဦးသာဟန်ကဓာတ်ပုံနှစ်ပုံအား စားပွဲပေါ်သို့တင်လိုက်သည်။

တစ်ပုံကအာဏာသူ့ကိုကမ်းခြေမှာချစ်ရေးဆိုနေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံကနမ်းနေသောပုံဖြစ်သည်။

ဒါတွေကဘယ်လိုလုပ်ဦးသာဟန်မှာရှိနေရတာလဲ ။

" နှမြောစရာပဲ M.M Group ရဲ့တစ်ဦးတည်းသောသားက ဂေးဖြစ်နေရတယ်လို့ "

ရှင်းခလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။

" ခင်ဗျား ကျွန်တော့်ကိုခြိမ်းခြောက်နေတာလား "

" ခြိမ်းခြောက်နေတာမဟုတ်ပါဘူးကွာ ၊ ငါကမင်းကိုသတိပေးရုံပါ ၊ ဒီပုံတွေသာပျံ့သွားခဲ့ရင် အခုထုတ်မဲ့ဂိမ်းအသစ်အပေါ်တော်တော်သက်ရောက်မှုရှိသွားမှာပဲ "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now