(S2) အပိုင်း (၅) [ Uni + Zaw ]

1K 18 2
                                        

Unicode

" ဒါကဘယ်လိုဖြစ်တာလဲ "

အရေးပေါ်ခန်းထဲမှာ အောက်စီဂျင်ပေးထားရသော သုဇော်ကိုကြည့်ရင်း လွှမ်းဒေါသထွက်လာကာ လေသံမာသွားလေသည်။

" ဂျပန်ကရောက်တဲ့ ကားတွေကိုသွားစစ်ဆေးပြီးအပြန်မှာလုပ်ကြံခံရတာပဲ ဘော့စ် ၊ ကားကမီးလောင်သွားတယ် Black box ကိုစစ်ဖို့တော့ပေးထားတယ် ဘော့စ် ၊ ဒါပေမဲ့ ကားကတော်တော်ထိခိုက်သွားလို့ "

" တောက်စ် "

လွှမ်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ ဘယ်ကောင်လုပ်တာလဲတော့မသိပေမဲ့ တကယ်ဦးတည်တာက သူ့ကိုဖြစ်သည်။ ဒီနေ့သူက ကားတွေသွားစစ်ရမှာကို အခြားကိစ္စရှိလို့ သုဇော်ကိုလွှတ်လိုက်တာ ၊ ပြီးတော့လည်းသူ့ရဲ့ကားပါသုဇော်စီးသွားဖို့ပေးလိုက်တာ။ အခုလည်းကားကပေါက်ကွဲတာဆိုတော့ ဒါသေချာပေါ့သူ့ကိုသတ်ဖို့ကြံစည်ထားတာဖြစ်သည်။

" Black Box ကိုရအောင်လုပ် ၊ ပြီးရင် သုဇော်အဲ့ကိုမသွားခင်ကဘယ်သူနဲ့တွေ့ခဲ့သေးလဲဆိုတာစုံစမ်း ၊ ကားပါကင်က CCTV ကို စစ်မယ် "

" ဟုတ်ကဲ့ Boss ၊ ကျွန်တော်စီစဥ်လိုက်ပါ့မယ် "

လရောင်ထွက်သွားပြီးနောက် လွှမ်းခုံတွင်ထိုင်ချလိုက်ကာ မျက်နာအားလက်ဖြင့်စိတ်ပျက်စွာပွတ်သပ်လိုက်မိသည်။ သုဇော်ကကုတင်ပေါ်တွင်လှဲလျောင်းနေသည်။ မီးလောင်သွားလို့မျက်နာရဲ့ဘယ်ဘက်အခြမ်းကလုံးဝပျက်စီးသွားပြီ။ အကောင်းအတိုင်းပြန်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပေ။ သူကစီးပွားရေးပြိုင်ဖက်များသည်။ ဦးသာဟန်ဆိုတဲ့လူကြီးကလည်း သူ့ကိုအမြဲကျားချောင်းချောင်းနေတာ။ ဒါပေမဲ့ဒီတစ်ခေါက်ကိစ္စကိုတော့ ဦးသာဟန်လုပ်တယ်လို့သူမထင်ပါ။ ဘာလို့လည်းဆိုတော့ ဦးသာဟန်ကသူ့ကိုသတ်ဖို့ခေါင်းထဲမှာမရှိ ၊ အမြဲအာဏာ့ကိုပဲသတ်ဖို့စီစဥ်နေခဲ့တာ။ ဒါဆိုကျန်တာက ..

" မင်းစေသုတ "

------------------------------------------------------

" ဒီနေ့နေ့လယ်ကျရင် အစည်းအဝေးရှိတယ်မလား စီအီးအို "

ရှင်းခရဲ့အသံကြားမှပဲ အာဏာအတွေးနွံထဲနစ်နေရင်းမီ အသိပြန်ဝင်လာပြီး ကမန်းကတမ်းခေါင်းငြိမ့်လိုက်ရတော့သည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя