အပိုင်း (၂၉) [ Uni + Zaw ]

7.9K 347 8
                                        

Unicode

စက်တင်ဘာလ ၇ ရက်နေ့ ။
အာဏာရဲ့ မွေးနေ့ ။

ဒီနေ့တွင်တော့ ရှင်းခ ပုံမှန်ထနေကျထက် တစ်နာရီပိုစော၍ ငါးနာရီတွင် အိပ်ရာကထသည်။ ရေမိုးချိုးပြီးတော့ ငါးနာရီ ဆယ့်ငါးမိနစ်ရှိပြီ ။ ဒီနေ့မနက်စာကိုတော့ ခေါက်ဆွဲသုပ်လုပ်ပေးဖို့ စဥ်းစားထားသည်။
မနေ့ကတည်းက ပါဝင်ပစ္စည်းတွေအကုန်ဝယ်ထားပြီးဖြစ်၍ အားလုံး အသင့်ရှိနေလေသည်။

ပထမဦးဆုံး အသင့်စားကြက်ဥခေါက်ဆွဲကို ပန်းကန်ထဲတွင် အရင်ပြင်လိုက်သည်။ ပြီးနောက် အရသာအတွက် လိုအပ်သည့်အဆာပလာများထည့်သည်။ အာဏာက အစပ်မကြိုက်၍ ငရုတ်သီးမှုန့်ကို လျှော့ထည့်သည်။
ပဲမှုန့် ၊ ငံပြာရည် ၊ မြေပဲမှုန့် စသည့် အရသာအတွက် လိုအပ်တာတွေ အားလုံးပြည့်စုံသွားပြီးတဲ့နောက်မှာတော့ ရှင်းခ လက်အိတ်ကိုစွပ်ကာ နယ်လိုက်သည်။ သူ့ဘာသာသူစားမှာဆိုရင်တော့ လက်နဲ့ပဲနယ်မှာဖြစ်သည်။ ဘာကြောင့်ဆို လက်နဲ့နယ်တာကပိုပြီးတော့ အားရတယ်လေ ။  လက်ကတော့ သေချာဆပ်ပြာနဲ့ဆေးပြီးဖြစ်၍ သန့်ရှင်းပြီးသားပါ။ ဒါပေမဲ့လည်း အာဏာ့အတွက်ဆိုတော့ သူအဆင်မပြေဖြစ်မှာစိုးရိမ်၍ ချက်ပြုတ်ရာတွင် သန့်ရှင်းရေးကိုအထူးဂရုပြုသည်။ အမြဲလက်အိတ်ဝတ်သည်။ မီးဖိုချောင်ကိုလည်း သန့်ရှင်းနေစေရန် အမြဲသန့်ရှင်းရေးလုပ်လေ့ရှိသည်။ သို့သော် အာဏာ့ အလစ်ကိုချောင်း၍ လုပ်ရခြင်းသာ ။ အိမ်သန့်ရှင်းရေးသမားတွေက တစ်ပတ်ကိုတစ်ကြိမ်လာလေ့ရှိ၍ အာဏာသည် ရှင်းခကို အိမ်အလုပ်များနှင့်ပတ်သက်၍ လုံးဝမခိုင်းပါ ။ သူခိုင်းတာဆိုလို့ ချက်ပြုတ်တာလေးပဲရှိသည်။ မီးပူတောင် စစတွေ့တဲ့နေ့တစ်နေ့ပဲတိုက်ခိုင်းပြီး နောက်လုံးဝမတိုက်ခိုင်းတော့ပေ ။ သို့သော် ရှင်းခသည် သူများပေးသည့်လစာကိုယူပြီး ငြိမ်ငြိမ်လေးတော့ ထိုင်မနေချင်၍ အာဏာ လစ်ရင်လစ်သလို အိမ်အလုပ်တွေခိုးခိုးလုပ်လေ့ရှိသည်။

အသုပ်သုပ်ခြင်းပြီးသွားတဲ့နောက် ပန်းကန်ထဲတွင် လှလှပပလေးပြင်ဆင်လိုက်ပြီး ပြုတ်ထားသည့် ဘဲဥတစ်လုံးကိုအခွံနွှာကာ ထပ်ခြမ်းခြမ်းလိုက်သည်။ ပြီးနောက် အာဏာ့ရဲ့ပန်းကန်လုံးထဲတွင် သပ်သပ်ရပ်ရပ်လေးတင်လိုက်သည်။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Место, где живут истории. Откройте их для себя